Chapter_16{Uni+Zaw}

94 9 2
                                    

Unicode>.<

"အီး Daddyလာမှစားမှာ အီး"
ထကတည်းက သူ့Daddyလာမှ
ထမင်းစားမည်ဟုဂျီဂျနေသည်။
Billkinလည်းထိုသံကိုကြားသော်လည်း
တံခါးကိုဖွင့်တွန်းပြီးဝင်လိုက်ဖို့ သတ္တိမရှိချေ။
Pရဲ့မိဘတွေကို ကိုယ့်ရဲ့အဖေသတ်သည်ဟူသော အသိက တံတိုင်းကြီးသဖွယ် ကာဆီးထားသည်။

Ppကိုအားနာလှသည် ၊ဒါထက်ကြောက်သည် ။
ဒီကိစ္စတွေသာ PPသိရင်ရော လက်ခံပါ့မလား။
အခုတောင် အမြင်ကြည်ဖို့၊အဆငပြေဖို့အရေး
အတော်ပင်လုပ်ယူနေရသည် ပင်မဟုတ်လား။

"အီး စားဝူးယို့အီး"
Pillရဲ့ငိုသံကတစတစကျယ်လောင်လာ၍ Billkinလည်းမတက်သာသည့်အဆုံးတွန်းဝင်
သွားသည်။
Billkinဝင်လာသည်ကိုတွေ့မှ ခုနကငိုနေသည့် Pillကချက်ချင်းပင်ပြောင်းလဲသွားသည်။
Billkinကိုပေါ်တက်ထိုင်နေကာ ချွဲနေသည်။
Billkin ထမင်းခွံ့ကျွေးတော့လည်း
တစ်ပန်းကန်လုံးကုန်အောင်စားသည်။
PPKritt လည်းPillထမင်းစားမှ ကျန်းမာမည်
ဖြစ်သောကြောင့် ဒီတိုင်းသာလက်ပိုက်
ကြည့်နေလိုက်သည်။
"Billkin ပြောစရာရှိတယ်ပြီးရင်အပြင်ခနလိုက်ခဲ့"
PPkrittဆီက အသံထွက်လာတော့ BillkinရောPillပါမော့ကြည့်မိသည်။
"သားလေး ခနနေခဲ့အုံးနော် Daddyပါးပါးခေါ်တာသွားမို့ မွချစ်တယ်နော်"
"မွ ချစ်ရယ် Daddy ဖြေးသွားနော်"
Billkinခေါင်းတချက်သာငြိမ့်ပြီးထွက်လာလိုက်သည်
********
"တောက်စ် Billkinနဲ့ရတဲ့ကလေးဆိုတာသေချာလား"
"သေချာပါတယ် Boss ကျွန်တော်ဒီထက်သေချာချင်လို့ DNAပါစစ်ထားတယ်ဆရာ အဖြေက နောက်တစ်ပတ်သိရပါမယ် Boss"
"အေ တာဝန်ကျေတယ် သွားနားတော့"
ဆေးရုံရဲ့စင်္ကြန်လမ်းမှာရပ်နေတဲ့ Ppနားကို မဝံတရဲလျှောက်လမ်းလာသည်
"ဘာပြောမို့လဲP"
"Pillလေးနေကောင်းသွားတာနဲ့ သားရဲ့ရှေ့ကနေပျောက်ကွယ်ပေးသွားပါ"
"ဟင် သားကမောင့်ကိုလိုအပ်နေတာလေ P မောင့်ကိုပဲအမြဲ တ နေတာလေ"
"ခနပဲဖြစ်မှာပါ နေမကောင်းလို့ဂျီကျနေတာပါ"
"မောင်တော့ အက်လိုမထင်ဘူးP မောင်သားနားမှာရှိနေတော့ရောဘာဖြစ်လို့လဲ အဆင်ပြေနေတာပဲလေ"
"သားအဆင်ပြေပြေမယ့် ငါဆိုတဲါPPအတွက်
အဆင်မပြေဘူးBillkin"
"P...."
"ငါ့မှာ သားအတွက်ငွေတွေလဲလုံလုံလောက်လောက်ရှိတယ် သားလေးပျော်အောင်လုပ်ပေးလို့ရတယ်Billkin"

"မဟုတ်ဘူးP ပိုက်ဆံကအရာအားလုံးပျော်ရွှင်အောင်လုပ်ပေးနိုင်တယ်လို့ယူဆနေတာလား အက်လိုဆိုPကောပျော်ခဲ့ရဲ့လားလို့။ ပီ့ရဲ့မိဘတွေမရှိပဲ၊ပီ့မိဘတွေဆီက မေတ္တာကိုမရဘူးလေ ပီလိုချင်ခဲ့တယ်မလား။P မပျော်ခဲ့ဘူးမလား Pillလေးလဲအက်လိုပဲP ။ သားPillလေးလဲလိုချင်မှာပဲ ၊ မိဘတွေနဲ့အတူတူနေချင်မှာပဲ။
မိဘနှစ်ယောက်လုံး အသက်ရှင်နေပါလျက်နဲ့
ဒီမေတ္တာတွေကို မရရင် Pillဘယ်လို
ခံစားရမလဲP?။Pတွေးမိရဲ့လား"
Billkinရဲ့စကားတွေကြောင့် Ppခနတာမျှ
တွေဝေသွားသည်
တအောင့်အကြာ
"မင်းက မိမရှိဖမရှိဆိူပြီးနှိမ်လိုက်တာလား Billkin!"
Ppမျက်ရည်များပင်ဝဲတက်လာသည်။

If Love Be Sin Where stories live. Discover now