Chapter_10{Uni+Zaw}🚨

132 10 0
                                    


Unicode >.< (🔞 ⚠️)

" မင်းရောစားလေ Kiki ဒါငါ့ပါးပါးကိုတိုင်လုပ်
ပေးလိုက်တဲ့ပူတင်းလေ ရမ်းကောင်းဒယ်"
"မင်းပါးပါး လက်ရာကကောင်းသားပဲနော်ဟီး အယ်ဟိုမှာဦးဦးလာကြိုနေပြီပြန်ရတော့မယ်ယေး"

Kikiကိုတောင် လာကြိုတဲ့သူရောက်လာပြီ PP ကတော့ပေါ်မလာသေး။

"တောက် ! ကားတွေကဒီနေ့မှပိတ်နေသေးတယ်"
ကလေးကြိုရမည်ဖြစ်၍PPkritt စိတ်မရှည်။

"လာKikiသွားရအောင်"
"ဦးဦး သားငယ်ချင်းကိုလာကြိုသေးဝူး တစ်ယောက်ထဲကျန်ခဲ့တယ်ဟို့မှာ"
"ဟင်"
Billkinလည်း Kikiကိုပွေ့ချီလျက် ကားပေါ်က
ဆင်းကာPillနားကိုကပ်လျှောက်လာသည်။

"သား အိမ်ကလာမကြိုသေးဘူးလား"
Billkinဆီကမသံထွက်လာတော့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့မော့ကြည့်လာသည်။

"မောင် အဲ Daddy"
"ဘယ်မှာလဲ သားDaddyက ဦးလဲမမြင်ပါဘူး"
"အီး"
ရုတ်တရပ်ထငိုသည့်Pillကြောင့် Billkin မှာပြာယာခတ်နေသည် ။

"Kiki ဒါမင်းdaddyလားဟင် ငါ့daddyကြီးကိုအီး"
"ဟုတ်ဘူးငါ့daddyက နံနံခြားမှာ ဒါင့ဦးဦး"

ထိုအခါမှ ချက်ချင်းပင်အငိုတိတ်ကာBillkinကို
ပြေးဖတ်သည်။
လက်နုနုသေးသေးလေးနှစ်ဖက်နဲ့ ခြေထောက်ကို အတင်းလာဖတ်သည့် Pillကြောင့် Billkin
ထိုင်ချလိုက်သည်။

"အိမ်ကလာမကြိုလို့ ငိုနေတာလားသားရဲ့
ချစ်စရာလေးသားက"
သွေးကစကားပြောသည် ဆိုတဲ့အတိုင်း Billkinမှာ
မြင်မြင်ချင်းသိပ်ကိုအသဲယားနေသည် ။

"ဟုတ်ဝူး မောင့် ကြောင့်လေ"
Pillဆီက မောင် ဟူသော အသံထွက်လာတော့ Billkin Ppkrittကိုချက်ချင်းပင်သတိရမိသည်။

"ဦးကို ဘာလို့မောင်လို့ခေါ်တာလဲသားရဲ့
သားနာမည်ကကောဘယ်သူလဲ"

"ဦးက သားမြင်ဖူးတဲ့ ပုံထဲကသူနဲ့တူယို့ယေ
ပြီးတော့သားနာမည်က Pillkin kritt"
နာမည်ကြားကြားခြင်း Billkinအရမ်းပင်တုန်လုပ်သွားသည်။
"ဒါမယ့် ဦးဦးက နှုတ်ခမ်းမွှေးတွေနဲ့ ကြိုက်ဝူး
ရိတ်လိုက်ရော်ဦးဦး သားကြိုက်ဝူး"
Billkin မျက်လုံးပြူးလျက် ကြည့်နေမိသည် ။

ထိုအချိန်
"သားပါးပါးကား ယေး !!လာပြီပြန်တော့မယ်နော် Kiki မောင် အဲ ဦးရော Bye see u"

ပုတုတုလုံးလုံးလေးနဲ့ ပြေးသွားသည်မှာလှစ်ခနဲ။

Billkinထွက်သွားတဲ့ကားကိုကြည့်လိုက်တော့ ကားမှန်မချထား၍ အထဲကိုမမြင်ရ။
॰॰॰॰

"သားလေးဒီဘက်လှည့်စမ်းငိုထားတာလား
အမှန်တိုင်းပြော"
"ဟီးဟုတ်တယ် သားအိပ်မက်တွေတကယ်ဖြစ်လာပြီထင်ယို့"
"သားအိပ်မက်က ဘာလဲ"
"မောင် နဲ့ အဲဟုတ်ဝူး Daddy နဲ့တွေ့ယို့ယေ"
"ဘာ !!"
PPkritt ကားကိုချက်ချင်းပင် ရပ်ပစ်ကာ

"ပြန်ပြောစမ်း ဘယ်သူ"

"သား ငယ်ချင်းရဲ့ဦးဦးလေ ပုံထဲကမောင့်ပုံနဲ့ဆင်လို့ မောင်ထင်လို့ယေ ဒါမယ့် ခုဦးက အမွှေးကြီးတွေနဲ့ နှုတ်ခမ်းမွှေးတွေနဲ့ မောင်နဲ့ နဲနဲပဲဆင်တယ်"

If Love Be Sin Hikayelerin yaşadığı yer. Şimdi keşfedin