1

310K 10.9K 756
                                    

" မုဒိတာ "

ဘုန်းကြီး​ကျောင်းက ကျွန်းတိုင်လုံးကြီးကို ကွယ်ထားပြီး တစ်စုံတစ်​ယောက်ကို ​ချောင်း​နေ​ပေမယ့် အ​နောက်ဘက်က ဆန်းလွင်ရဲ့ ခပ်ကျယ်ကျယ် ​​အော်သံ​ကြောင့် မုဒိတာ အနည်းငယ် တွန့်သွားသည်။ ခိုး​ကြောင် ခိုးဝှက်လုပ်​နေတုန်း လူမိသွားသလို ခံစားချက်က အ​တော်​လေး ဆိုးလှပါသည်။

" ဘာလဲ။ "

လက်ကို ဟန်ပါပါ ပိုက်ပြီး ​မေးဆက်ပြလိုက်​တော့ ဆန်းလွင်က ဟီးခနဲ ရယ်ပြသည်။ ပြီးမှ

" စာသင်ချိန်နီး​နေပြီ​လေကွ။ အင်္ဂါ​နေ့တိုင်း ​နေ့လည် ​ကျောင်းပျက်ပျက်​နေတာ ဒါနဲ့ဆို သုံးပတ်ပြည့်​နေပြီ​နော်။ ​​ကျောင်းပျက်ပြီးရင်လည်း ဒီကိုပဲ လာလာ​နေတာ။ ဒီမှာဘာရှိလို့လဲ။ "

ဆန်းလွင်က မုဒိတာ ခုဏက ​ချောင်း​နေ​သော ​နေရာကို မျက်လုံးတစ်ချက် ​ဝေ့ဝဲပြီး လှမ်းကြည့်လိုက်သည်။ ဘာမှ ​ထွေ​ထွေထူးထူး မ​တွေ့တာမို့ အကြည့်က မုဒိတာဆီကိုပဲ ပြန်​ရောက်သွားတယ်။

"​ကျောင်းပြန်သွားမယ်။ မဟုတ်ရင် အရီးနဲ့ ဘကြီးကို ငါပြန်တိုင်မှာ​​​နော်။ "

ဆန်းလွင်က ခြိမ်း​ခြောက်သလို​​ပြောမှ မုဒိတာက မျက်လုံးပြူး မျက်စံပြူး​ဖြင့် ​ခေါင်းရမ်းပြသည်။ အ​မေက ကိစ္စမရှိ​ပေမယ့် အ​ဖေ့ကို​တော့ မုဒိတာက ရှိိိန်ပါသည်။

" မတိုင်​စေချင်ရင် သွားမယ် ...လာခဲ့။ "

ဆန်းလွင်က မုဒိတာ လက်ကို ဆွဲပြီး ​ခေါ်သွား​​တော့ မုဒိတာက သံ​ယောဇဥ်မပျက်စွာ ​အနောက်လှည့်တကြည့်ကြည့်နဲ့ ကြည့်​နေသည်။

" သွားပါမယ်ဆိုကွာ။ "

ဆန်းလွင်ဆိုတဲ့​ကောင်က မုဒိတာထပ် တစ်နှစ်​လောက်ပဲ အသက်ပိုကြီး​​ပေမယ့် ဆရာလုပ်တဲ့​နေရာမှာ​တော့ အိမ်ကအ​​ဖေနဲ့ ထူးမခြားနား​ပေ။ အသက်၁၈နှစ်နဲ့၁၉နှစ် ဖြစ်​နေ​ပေမယ့် ဒီ​ခေတ်ဒီခါအရ ​ကျောင်းထား ​နောက်ကျတာ​​ရော​ကြောင့် မုဒိတာနဲ့ ဆန်းလွင်က အထက်တန်း​ကျောင်းသား​တွေ။

" မင်းကလည်း ​နေပါဦးကွာ။ ​ကျောင်းက ထွက်​ပြေးမှာ ကျ​နေတာပဲ။ "

အချစ်အပ်နှင်းချင်   (Completed)Where stories live. Discover now