" စားစရာရှိတာစား။ "
ကိုးမောင်မောင်နဲ့ မုဒိတာ နှစ်ယောက်ထဲ ရှိတဲ့ ထမင်းဝိုင်းက အနည်းငယ်တော့ တိတ်ဆိတ်သည်။ မုဒိတာက ခုဏက အခြေအနေကို ပြန်တွေးမိတိုင်း ကိုးမောင်မောင်ကို ကြည့်ပြီး ရယ်ချင်သလို ဖြစ်နေခဲ့တာ။
" ဟုတ် "
မုဒိတာက ကိုးမောင်မောင် ပန်းကန်ထဲ ဟင်းတွေအားလုံးကို ဦးချထည့်ပေးရင်းမှ ကိုယ်တိုင်ချက်ထားတဲ့ ကြက်သားဟင်းဆီ အကြည့်ရောက်သွားတော့ ရယ်လိုက်မိသည်။
" ဆက်ရယ်နေဦးမယ်ဆိုရင် ထမင်းပန်းကန်ယူပြီး အပြင်ထွက်သွားလိုက်တော့ ဟုတ်ရဲ့လား။ "
ကိုးမောင်မောင်က လေသံမာမာနဲ့ ပြောလိုက်မှ မုဒိတာက မျက်နှာထားကို ပြင်လိုက်ပြီး
" တောင်းပန်ပါတယ်။ " လို့ခပ်တိုးတိုးပြောသည်။ ထမင်းစားနေစဥ်အတွင်းလည်း သတိအနေအထားနဲ့ ငြိမ်ငြိမ်လေး ထိုင်စားဖြစ်သည်။
ကိုးမောင်မောင်က ထမင်းစားပြီး ပန်းကန်ဆေးဖို့ မီးဖိုခန်းဘက် ပြန်ဝင်သွားတော့ မုဒိတာလည်း ထမင်းကို အမြန်ထိုးသွပ်ပြီး ရေနဲ့မျောချကာ ဆေးရမည့်ပန်းကန်တွေ ယူသွားပြီး ကိုးမောင်မောင် အနောက်လိုက်သွားသည်။
" ဦး ... ကျွန်တော်ဆေးပေးမယ်လေ။ "
ကိုးမောင်မောင်က ပြန်မဖြေပဲ ရေဖလားနဲ့ ရေခပ်လိုက်ပြီး ပန်းကန်ကို လောင်းချလိုက်သည်။ တိုက်ပုံအကျီချွတ်ထားတာမို့ ရှပ်လက်ရှည်အနက်ကို လက်ခေါက်တင်ထားသည်။
" ဘယ်လိုဖြစ်လို့ လာလုနေရသလဲ မုဒိတာ။ငြိမ်ငြိမ်နေစမ်း။ "
မုဒိတာက ပန်းကန်ဆေးပေးဖို့ ကိုးမောင်မောင် လက်ထဲက ယူလိုက်ပေမယ့် ချက်ချင်း အဆူခံရသည်။ ခင်ခင်ချစ်ကပဲ အိမ်မှာ ဝေယျာဝစ္စ အကုန်လုပ်ပေးနေကျမို့ ခင်ခင်ချစ် မရှိတုန်း မုဒိတာက ကူညီချင်ပေမယ့် ကိုးမောင်မောင်က လက်မခံပေ။
" မင်းလက်ဆေးမှာမလား။ ဒီဘက်ကို လာခဲ့။ ပန်းကန်တွေထားခဲ့။ "
YOU ARE READING
အချစ်အပ်နှင်းချင် (Completed)