24

83.1K 6.7K 1.4K
                                    

မုဒိတာ ​ကျောင်းမှာ ရန်ဖြစ်တယ် ဆိုသည့် သတင်း​ပေးမှု​ကြောင့် ကိုး​မောင်​မောင် အခု ​ကျောင်းကို​ရောက်လာခဲ့ရသည်။ ​ကျောင်းအုပ်ကြီး၏ သီးသန့်ရုံးခန်းထဲမှာ မုဒိတာ၊ဆန်းလွင်နဲ့အတူ ရန်ဖြစ်တဲ့ အခြား​ကျောင်းသား​နှစ်​ယောက်က ရှိ​နေသည်။ တစ်ဖက်က က​လေးမိဘ​တွေလည်း ​​ရောက်​နေသည်မို့ ရုံးခန်းထဲမှာ လူ​တွေစုံလို့။

ခုံမ​လောက်သည်မို့ ​ကျောင်းသား​တွေက​တော့ မတ်တပ်ရပ်​နေရကာ မိဘ​တွေနဲ့ ​ကျောင်းအုပ်ဆရာကြီးက ထိုင်​နေသည်။ ကိုး​မောင်​မောင် ​ရောက်လာ​တော့ မုဒိတာကို အရင်ဆုံး ရှာမိသည်။ မုဒိတာကို မြင်လိုက်​​တော့ ဆန်းလွင်​ဘေးမှ မုဒိတာကလည်း ကိုး​မောင်​မောင်ကို မျက်လုံးဝိုင်းဝိုင်း​လေးနဲ့ ကြည့်​နေသည်။

မုဒိတာ၏ နှုတ်ခမ်း​ထောင့်မှာ ​ပေါက်ပြဲ​နေပြီး နားထင်​ဘေးမှာလည်း ​သွေးစို့​နေသည်။ ကိုး​မောင်​မောင်က တစ်ဖက်က က​လေး​တွေကိုပါ တစ်ချက်ကြည့်လိုက်​တော့ ​ခေါင်းကွဲလို့ ​​ဆေးစည်းထားရသူနဲ့ လက်ကို​ဆေးစည်းထားရသူ​တွေသာ။

" ကျွန်​တော်က မုဒိတာရဲ့အုပ်ထိန်းသူပါ။ "

ကိုး​မောင်​မောင်က ​ကျောင်းအုပ်ဆရာဆီ ဦးတည်ပြီး နှုတ်ဆက်လိုက်ပြီးမှ ကျန်​နေတဲ့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

" ​ရှေ့​နေကြီး ကျွန်​တော်အခု​လို ​ခေါ်​တွေ့တဲ့ ကိစ္စက က​​လေးချင်း ဖြစ်တဲ့ ပြသနာဆို​ပေမယ့် တစ်ဖက်က​လေး​တွေက လက်ကျိုး၊​ခေါင်းကွဲတဲ့ထိ ဖြစ်သွား​တော့ မိဘ​တွေက မ​ကြေ​အေး​ကြရင်း ပြသနာနည်းနည်းကြီးသွားလို့ပါ။ "

ကိုး​မောင်​မောင်က နားလည်သလို ​ခေါင်းငြိမ့်ပြသည်။ က​လေးမိဘ​တွေကလည်း အခုမှ ကိုး​မောင်​မောင်ကို ​ရှေ့​​နေမှန်းသိသွားကာ အနည်းငယ်တွန့်ဆုတ်သွားကြသည်။ ​ကျောင်းအုပ်ဆရာက ပြသနာ ​ပြေလည်​စေချင်လို့ ကိုး​မောင်​မောင်ကို တမင် နာမ်စားသုံးပြီး​ခေါ်လိုက်ပုံပင်။

" ပြသနာ ဘယ်လိုဖြစ်သလဲ ကျွန်​တော့်ကို ​ပြောပြ​ပေးနိုင်မလား။ မုဒိတာက ​တော်ရုံ စိတ်တိုခဲပါတယ်။ "

အချစ်အပ်နှင်းချင်   (Completed)Where stories live. Discover now