23

85.9K 6.7K 1K
                                    

​ဘုန်းကြီး​ကျောင်းမှာ တစ်​နေကုန် ထမင်း​ကျွေးခြင်း အလှုူလည်းရှိ​တော့ တစ်မိသားစုလုံး ကူညီလုပ်ရင်းဖြင့် မအားလပ်ဘူး။ ​ဆရာ​တော်ဦးပညာကို ​နေ့ဆွမ်းကပ်ပြီးမှ အခြားဖိတ်ထားတဲ့ ဧည့်သည်​တွေဆီ ဧည့်ခံရသည်။

" ဦးကိုး​မောင်မောင် ... "

မုဒိတာက ဟင်းရည်ထည့်တဲ့ သံပုံးကို လက်က ​ဆွဲထားရင်းမှ မကြည်မသာ မျက်နှာဖြင့် ကိုး​မောင်​မောင်အား ​ခေါ်လာသည်။ ကိုး​မောင်​မောင်က ပန်းကန်ပြားအထပ်လိုက်ကို အနားမှာရှိတဲ့ ​အကူကောင်မ​လေးဆီ လက်လွှဲ​ပေးလိုက်ပြီးမှ မုဒိတာအနားကို လာသည်။

" ဘာဖြစ်သလဲ မုဒိတာ။ "

" ရင်​တွေပြည့်ပြီး အန်ချင်သလို ဖြစ်​နေတာ။​ခေါင်းလည်း နည်းနည်းမူးတယ်။ "

ကိုး​မောင်​မောင်က ချက်ချင်းပင် မုဒိတာနဖူးကို လက်ဖမိုးနဲ့ စမ်းသပ်လိုက်သည်။

" ကိုယ်ပူမရှိပါဘူး။အ​အေးပက်ပြီး အဆာမ​ကြေချင်သလို ဖြစ်​နေတာ​နေမယ်။မနက်အ​စောကြီး ရေထချိူးထား​သေးလား ဟုတ်သလား။ "

မုဒိတာက ​ခေါင်း​လေးငြိမ့်ပြသည်။ မနက်က မုဒိတာ​ရေထချိုးတုန်းက မိုး​တောင်မလင်း​သေးဘူး။ ကိုး​မောင်​မောင်က  သက်ပြင်းခပ်ဖွဖွချပြီး မုဒိတာလက်ထဲက ဟင်းရည်ပုံးကို လက်လွှဲယူကာ အကူ​ကောင်​လေး​​​တွေဆီ ​အပ်ခဲ့လိုက်သည်။

" ​ချွေးအ​အေးပက်တာ​နေမယ်။ ငါ့အ​နောက်ကလိုက်ခဲ့။ "

ကိုး​မောင်​မောင်က မုဒိတာလက်​ကောက်ဝတ်​လေးကို ဆွဲကာ ထမင်းစား​ဆောင်နဲ့ ခပ်လှမ်းလှမ်းကို ​ခေါ်ထုတ်သွားသည်။မအီမလည်ဖြစ်​နေသည့် မုဒိတာမျက်နှာကို ကြည့်လိုက်ပြီးမှ

" ​သွေး​ဖောက်ချင်သလား။ဒါမှမဟုတ် နှိပ်​ပေးရမလား။ "

မုဒိတာက ​ခေါင်းကို အတင်းရမ်းပြသည်။ ​သွေး​​တော့ မ​ဖောက်ချင်ပါ။နှိပ်ခိုင်းဖို့ကျလည်း ကိုး​မောင်​မောင်ကို မ​ပြောရဲ။

" ဒါဆိုလည်း ခင်ခင်ချစ်နဲ့ဆယ်​​မောင်​မောင်ကို ​ပြောခဲ့ပြီး အိမ်ပြန်ပြီး အနားယူကြတာ​ပေါ့ ။ "

အချစ်အပ်နှင်းချင်   (Completed)Where stories live. Discover now