30

92.7K 6.4K 467
                                    

" ဦး ဒီဟာ လာကြည့်ဦး။ "

မုဒိတာက ကုတင်​​ပေါ်ထိုင်​နေရင်းမှ မင်္ဂလာ ဆွမ်းကပ်အတွက် ရည်ရွယ်ပြီး ခင်ခင်ချစ် ဝယ်လာ​ပေးတဲ့ ပုဆိုး​တွေကို ​ရွေး​နေရင်းမှ အကုန်မျက်စိကျ​နေတာမို့ ကိုး​မောင်​မောင်ကို လှမ်း​ခေါ်​နေသည်။ အခန်းထဲက စားပွဲ​​ဘေးကခုံမှာ ထိုင်​နေတဲ့ ကိုး​မောင်​မောင်က အမှုတွဲ ကွင်းဆက်လိုက်​နေတာမို့ ဓါတ်ပုံ​တွေ စာရွက်စာတမ်း​တွေကြားမှ မုဒိတာကို အာရုံမ​ပေးနိုင်ပါ။

" ဦး ... လာကြည့်​ဦး​လေ။ ကျွန်​တော် မကြည့်တက်​တော့ဘူး။ "

" မင်းစိတ်ထဲ​ပေါ်တဲ့ တစ်ထည်​ရွေးလိုက်ကွာ။ ငါ ဒီမှာမအားဘူးကွ။ "

ကိုး​မောင်​မောင်က မုဒိတာဆီ အကြည့်တစ်ချက်​တောင် မ​ပေးပဲ ​ဖြေ​နေသည်။ ပုဆိုးကငါးထည်​တောင်မို့ မုဒိတာက ကိုယ့်သ​ဘောကျချည်း မလုပ်ချင်ပဲ အတူတူ ​ရွေးချယ်ချင်တာကို စိတ်မရှည်သလို ဖြစ်​နေတဲ့ ကိုး​မောင်​မောင်​ကြောင့် နည်းနည်း​တော့ စိတ်မ​ကောင်း ဖြစ်သွားသည်။

" ဦးကိုး​မောင်​​မောင်ရဲ့ မင်္ဂလာ ဆွမ်းကပ်​နော်။ အလုပ်က အရမ်းအ​ရေးကြီး ပြ​နေတာလား။ "

အလုပ်က အ​ရေးကြီး​နေသည်မို့ ကိုး​မောင်​​မောင်က မျက်ခုံး​တွေ​တောင် တွန့်ချိုး​နေကာ အာရုံစိုက်​နေရသည်။

" အရမ်းအ​ရေးကြီး​နေတယ်ကွာ။ က​လေးလို လုပ်မ​နေနဲ့ မုဒိတာ။ ကိုယ်အခုတကယ် မအားတာ။ မင်းနဲ့မင်္ဂလာ ဆွမ်းကပ်အတွက် လုံးပန်း​နေရတာတစ်ဖက် အလုပ်တစ်ဖက်မို့ ဒီ​နေ့ အလုပ်က အပြီးဖြတ်ရမှာ။ "

ဒီ​လောက် ကိစ္စ​သေး​သေး​လေးမို့ မုဒိတာ ဆိုးချင်​နေတာကို ကိုး​မောင်​မောင်က မ​​ချော့ဖြစ်​ပေ။ ကုတင်​ပေါ် ပစ္စည်း​တွေ ဒီအတိုင်း ထားခဲ့ပြီး မုဒိတာက အခန်းအပြင် ထွက်သွားတာ သိ​ပေမယ့် ဖတ်လက်စ အမှုတွဲဆီက​နေ မျက်လုံးမခွာဖြစ်ပါ။

" ​မောင်ငယ် ဒီကိုလာ​လေ။ "

​​အောက်ထပ်က ဧည့်ခန်းမှာ ဖိတ်စာ​တွေမှာ နာမည်တပ်​နေတဲ့ ခင်ခင်ချစ်က အိမ်​​ပေါ်က ဆင်းလာတဲ့ မုဒိတာကို မြင်​တော့ လှမ်း​ခေါ်လိုက်သည်။

အချစ်အပ်နှင်းချင်   (Completed)Where stories live. Discover now