38

81.4K 6K 856
                                    

" မုဒိတာက ဒီ​နေ့ပြန်လာမယ်ထင်တယ်။ ​ပေါက်စကို ညဘက်​ကျ မင်းတို့ခေါ်ထားဦး။ "

ခြံထဲက ကွပ်ပျစ်မှာ ​ရေ​နွေကြမ်း ​သောက်ရင်းထိုင်​နေတဲ့ ဆယ်​မောင်​မောင့်ကို ကိုး​မောင်​မောင်က ​ပြောလာသည်။ ဆယ်​မောင်​မောင်က ကိုး​မောင်​​မောင်ပါ ထိုင်လို့ရ​အောင် ​နေရာ​ရွှေ့လိုက်ပြီးမှ ခပ်ရွဲ့ရွဲ့ပြုံးသည်။

" ဘာလဲ က​လေးငယ်ကလည်း ​ကျောင်းပြီပြီဆို​တော့ မင်းတို့နှစ်​ယောက်ကြား ဝင်ရှုပ်မှာဆိုးလို့လား။ "

ကိုး​မောင်​မောင်၏ ​ရေ​နွေးခရားကို ကိုင်ထားတဲ့ လက်က ​ခေတ္တရပ်တန့်သွားသည်။ ပြီးမှ ဆယ်​မောင်​မောင်အား မျက်ခုံး​တွေ တွန့်ချိုးကာ ကြည့်သည်။

" စကားကို ဘယ်လို​​ပြော​နေသလဲ ဆယ်​မောင်​မောင်။ ငါက သူစာ​မေးပွဲ ​ဖြေပြီးချင်းချင်း တန်းပြန်လာတာမို့ ပင်ပန်း​နေတာ ကြိုသိလို့ အနားယူရ​အောင် ​ပြောတာ။ ငါက မင်း​ပြောသလို အခွင့်အ​ရေးယူတဲ့ လူမျိုး မဟုတ်ဘူး။ "

ဆယ်​မောင်​မောင်က ပုခုံး​တောင် တွန့်ပြလိုက်​သေးသည်။

" မင်းလို ငယ်ငယ်ထဲက လူကြီးလူ​ကောင်း စရိုက်အပြည့်နဲ့သူအဖို့ ငါ​ပြောတာ​တွေက နားဝင်ရိုင်း​​ကောင်းရိုင်းသွားလိမ့်မယ် ထင်ပါတယ်။ငါ ​ပြောမယ်ကွ။ အဲ့ဒါက အခွင့်အ​ရေးယူတာမဟုတ်ဘူး။ ချစ်မိမှ​တော့ ပိုင်ဆိုင်ချင်စိတ်ဆိုတာ ကပ်ပါလာတာပဲ။ အဲ့ဒါက အချစ်နဲ့ ဆက်နွယ်ပြီးမှ ဖြစ်​ပေါ်လာတဲ့ ​​နောက်ဆက်တွဲ ဆန္ဒတစ်ခုပဲ။မင်းလည်း ​ယောကျ်ား၊ငါလည်း ​ယောကျ်ားမို့ မင်းက တစ်ရာ ရာခိုင်နှုန်း ဖြူဖြူစင်စင် ချစ်ပါတယ်လို့​တော့ ငါ မယုံပါဘူး။ "

ကိုး​မောင်​မောင်က သက်ပြင်းချသည်။

" ငါကလည်း ငါ့ကိုယ်ငါ တဏှာရာဂ ကင်းတဲ့ သူ​တော်စင်လိုမျိုး ဟိတ်ဟန်ထုတ်​နေတာ မဟုတ်ဘူး။ ငါက မုဒိတာကို ​လေးစား​ပေးတာ နားလည်သလား။ "

ကိုး​မောင်​မောင်၏ မျက်လုံး​တွေကစ တည်ငြိမ်​နေကာ စကားသံကလည်း ကြည်လင်​နေသည်။ ဆယ်​မောင်​မောင်က သူ့အကျီခါးအနားကို တစ်ချက်ဆွဲချပြီးမှ ကိုး​မောင်​မောင်၏ ပုခုံး​ပေါ်ကိုလည်း ဖုန်ခါသလို ပြုလုပ်လိုက်​သေးသည်။

အချစ်အပ်နှင်းချင်   (Completed)Where stories live. Discover now