15

85.6K 6.8K 1.4K
                                    

ကိုး​မောင်​မောင် ​ရေချိုးခန်းထဲက ပြန်ထွက်လာသည်အထိ မုဒိတာက  စားပွဲ​ဘေးကခုံမှာ ထိုင်​နေတုန်းပင်။ ​ရာသီဥတု ​အေး​နေ​တာ​​တောင် ရေချိုးလာတဲ့ ကိုး​မောင်​မောင်က ရှပ်လက်ရှည်အ​ပေါ်မှာ ကုတ်အကျီအနက်ကို ဝတ်ထားပြီး ပုဆိုးအနက်ကွက် ဝတ်ထားကာ ကုတင်​ပေါ် ချက်ချင်းသွားသည်။ ပြီးမှ ငိုင်​နေတဲ့မုဒိတာကို လှမ်းကြည့်လိုက်ပြီး ​​ဘေးက​နေရာလွတ်ကို လက်ဖြင့် ပုတ်လိုက်ကာ 

" ညစာမစား​တော့ရင် လာအိပ်​တော့  မုဒိတာ။ "

" ဟုတ် ဦးကိုး​မောင်​မောင်။  "

အခန်းတွင်းက အပူ​ပေး မီးလင်းဖို​ကြောင့် တစ်ခန်းလုံးမှာ ဝါကျင့်ကျင့် မီး​​ရောင်​လေးက ရှိ​နေသည်။ မုဒိတာက ကိုး​မောင်​မောင်​ဘေးမှာ ဝင်လှဲလိုက်​တော့ ကိုး​မောင်​မောင်က မုဒိတာဘက်ကို ​စောင်​ပေးလိုက်သည်။ ​စောင်ထူထူ တစ်ထည်က နှစ်​​ယောက်လုံးကို ​နွေး​ထွေး​စေပါသည်။

ကိုး​မောင်​မောင်က ​ခေါင်းအုံးကို ​ထောင်ကာမှီထိုင်ရင်း စာအုပ်ဖတ်​နေသည်။ မုဒိတာက ​ဘေးတ​စောင်းအိပ်​နေရင်းမှ ကိုး​မောင်​မောင်မျက်နှာကို ငေးကြည့်​နေရင်းဖြင့်

" ကျွန်​​တော့် အစ်မကို​တော့ သ​ဘောကျခဲ့တယ်မလား။ "

ခုဏက ကိစ္စကို ဆက်ပြီး ​မေးချင်ဟန် မုဒိတာက စကားစလာ​လေ​တော့ ကိုး​မောင်​မောင်က ဖတ်လက်စ စာအုပ်ကို အကြည့်မပျက်ပဲဖြင့် သြရှရှ​လေသံ ခပ်အုပ်အုပ်ဖြင့် ​ပြောလာသည်။

" အိပ်​တော့ ... မုဒိတာ။ ဒီအ​ကြောင်း​တွေ ​ဆွေး​နွေးရမယ့်အချိန်မဟုတ်ဘူး။ငါလည်း ​ပြောဖို့ စိတ်မပါဘူး။"

" ဘာလို့လဲ။ "

ကိုး​မောင်​မောင်က သက်ပြင်းတစ်ချက်ရှိုက်ပြီး ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ကာ ကုတင်​​ဘေးက ခုံပု​လေးမှာ တင်လိုက်ပြီး မုဒိတာကို မျက်လုံး​တွေ ​မှေးစင်းကာ ကြည့်လာသည်။ မုဒိတာကလည်း ​မေးဖို့ ​ဆုံးဖြတ်ထားသည့်နှယ် အ​လျော့မ​ပေးပဲ ကိုး​​မောင်​​မောင်အား ​မော့​ကြည့်​​နေသည်။

" ဦး ... ​ဖြေပါ။ "

" မထားရီကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာက  ငါ့အသက်အရွယ်အရ​ အိမ်​ထောင်ထူ​ထောင်သင့်တဲ့အရွယ်အရရော၊ သူမက သိမ်​မွေ့တဲ့ မိန်းက​​လေးမို့လို့​ရော ​ရွေးချယ်ခြင်းမျိုးပဲ။ အချစ်ဆိုတာ ဖြစ်​ပေါ်မလာဘူး။ ငါ့​​ဘေးနားမှာ လက်တွဲ​ဖော်အဖြစ်သူမကို ရှိ​စေချင်တယ် ဒီ​လောက်ပဲ။ဒါက ငါ, မထားရီနဲ့ လွဲခဲ့ရလို့ ​ပြောတဲ့စကားမျိုးလည်း မဟုတ်ဘူး နားလည်သလား။ မင်းရဲ့လုပ်ရက်​​ကြောင့် ငါ အရှက်ရခဲ့တယ်၊ သိက္ခာကျခဲ့တယ်၊ ဒါ​တွေ​ကြောင့် ငါ, မင်းအ​ပေါ်မှာ ကြမ်းတမ်းစွာ ​ပြောခဲ့တာ​တွေ ရှိခဲ့တယ်။ မင်းကို အဲ့လို​တွေ​ပြောခဲ့တာ ငါနဲ့မထားရီရဲ့ ပွဲကိုဖျတ်လို့မဟုတ်ပဲ ငါ့သိက္ခာ​ကြောင့် ​ပြောခဲ့တာ​တွေပဲ။ "

အချစ်အပ်နှင်းချင်   (Completed)Where stories live. Discover now