26

85.7K 6.8K 805
                                    

ညစာ ထမင်းစားပွဲမှာ မိသားစု စုံစုံညီညီ ရှိ​နေ​ပေမယ့် အကုန်လုံးက တိတ်ဆိတ်​နေသည်။ က​လေး​နှစ်​ယောက်က ဟိုဟိုဒီဒီ ဟင်းခွက်​တွေ နှိုက်သည့် အသံသာ ရှိသည်။ ကိုး​မောင်​မောင် ​ဘေးက မုဒိတာကလည်း အရယ်အပြုံးမရှိပဲ ထမင်းပန်းကန်ထဲ ​ခေါင်းဝင်မတက် ငုံ့ပြီး ထမင်းစား​နေသည်။

" ကျွန်​တော် စားလို့ပြီးပါပြီ။ ​အခန်းထဲ သွားနားပါ​တော့မယ်။ "

မုဒိတာက ထမင်းပန်းကန်ကို ယူပြီး မတ်တပ်ရပ်လျက်အ​နေအထားဖြင့် လူကြီး​တွေကို ခွင့်​တောင်းပြီးမှ ထွက်သွားသည်။မုဒိတာ ထွက်သွားသည်နှင့် အိမ်က လူ​တွေ အကြည့်က ကိုး​မောင်​​မောင်ဆီ ချက်ချင်း ​ရောက်လာသည်။

" စားစရာရှိတာ စားကြ။ ဖိအား​ပေးဖို့ မ​တွေးကြ​လေနဲ့။နဂိုထဲက မုဒိတာက ခပ်ဆိုးဆိုး​လေး။ဒီလို ဘာမဟုတ်တာ​​လေး​လောက်နဲ့ အတင်းလိုက်​ချော့၊ လိုက်​ခေါ်​ပြော​နေရင် ​နောင်ဆို ဆုံးမလို့​တောင် ရမှာမဟုတ်​တော့ဘူး။ ​မေ​မေလည်း ဝင်မပါ​လေနဲ့။​မေ​မေ့ တရားအလုပ်ကိုသာ စိတ်​ဖြောင့်​ဖြောင့်နဲ့လုပ်။ "

ကိုး​မောင်​မောင်က ကြိုတင်ပြီး ကာ​ပြောထားလိုက်​တော့ သက်ပြင်းကိုယ်စီချပြီး ငြိမ်သွားကြသည်။ထမင်းစားခြင်းအဆုံးသတ်သွား​တော့ ကိုး​မောင်​မောင်က ​အောက်ထပ်မှာ သတင်းစာ ထိုင်ဖတ်​နေပြီး ​တော်​တော်​လေး ​မှောင်မှ အိမ်​ပေါ်တက်သွားသည်။

အခန်းထဲက ကုတင်​ပေါ်မှာ ​စောင်ခြုံလျက်နဲ့ ငုတ်တုတ်ထိုင်​နေတဲ့ မုဒိတာက ကိုး​မောင်​မောင် ဝင်လာ​​တော့ တစ်ချက်သာ ​မော့ကြည့်ပြီး မျက်လွှာချသွားသည်။ကိုး​မောင်​မောင်က လက်ပတ်နာရီ အနက်​ရောင်ကို ချွတ်လိုက်ပြီး ကုတင်နှစ်ခုကို ခြားထားသည့် ဗီရိုအ​သေး​လေးက အံ​ဆွဲထဲ လာထည့်သည်။ မုဒိတာကို ကြည့်လိုက်​တော့လည်း ​ခုဏကထိ ထိုင်​နေတဲ့ မောင်မင်းကြီးသားက အခု​တော့ မလှုပ်မယှက်ဖြင့် ​ကျော​ပေးအိပ်​နေသည်။

" မုဒိတာ မင်းစိတ်ထဲက​နေ ငါနဲ့စကား​ပြောချင်စိတ် ဖြစ်လာရင် ​ပြော။ ငါ မင်းနဲ့​ပြောစရာ​တွေ ရှိတယ်။ ဘာမဟုတ်တာ​လောက်​လေးနဲ့ အခုလို စိတ်ဆိုး စိတ်​ကောက်လုပ်​​နေတာ ရပ်လိုက်​တော့။ "

အချစ်အပ်နှင်းချင်   (Completed)Where stories live. Discover now