39

86.1K 6.2K 1.1K
                                    

" ​က​လေး​တွေ ဘာမှအားမနာနဲ့​နော်။ ကိုယ့်အိမ်လို သ​ဘောထားပြီး​​နေကြ ။ လွတ်လွတ်လပ်လပ်သာ​နေ​နော်။ တစ်ခုခု လိုရင်​လည်းပြော။ အစ်မ မီးဖို​ချောင်မှာပဲ ရှိ​နေမယ်။ "

ခင်ခင်ချစ်က ဧည့်ခန်းက စားပွဲ​ပေါ်မှာ မုန့်နဲ့လက်ဖက်ရည် ချ​ပေးရင်းမှ ဧည့်ဝတ်​ကျေစွာ​ပြောသည်။ မုဒိတာ မင်္ဂလာ​ဆောင်​ကို ​ရောက်လာကြတဲ့ ရန်ကုန်သား သူငယ်ချင်းနှစ်​ယောက်နဲ့ ​ဆန်းလွင်က ခင်ခင်ချစ်အား ​ယဥ်ယဥ်​ကျေး​ကျေးပဲ ​ခေါင်းငြိမ့်ပြသည်။

" မုဒိတာက​ရော ဘယ်သွားလဲ အစ်မ။ "

" ​မောင်ငယ်က သူ့မိဘ​တွေအိမ် အစ်ကိုကိုး​မောင်​မောင်နဲ့သွားတယ်။ ကြာ​တော့ ကြာ​နေပြီရယ်။ပြန်လာ​တော့မှာပါ။"

" ဟုတ်ကဲ့ခင်ဗျ။ "

" ဒါဆို ဆန်းလွင်ကပဲ သူငယ်ချင်း​တွေနဲ့ စကား​ပြော​နေ​ပေးဦး​နော်။ အစ်မ မီးဖို​ချောင်ထဲ လုပ်စရာ​လေး ရှိ​သေးလို့။ "

" ဟုတ်ကဲ့ အစ်မ။ စိတ်​​ဖြောင့်​ဖြောင့်​နေပါဗျ။ ကျွန်​တော်တို့က ဧည့်သည်မှ မဟုတ်တာ။ "

ခင်ခင်ချစ် ထွက်သွားပြီး ခဏကြာ​တော့ ကားသံကြားရပြီး လက်ဆွဲအိတ်မျိုးစုံနဲ့ မုဒိတာက အရင်ဝင်လာသည်။ ဆန်းလွင်တို့ကို​​တွေ့​တော့ ချက်ချင်းပင် ပနား​​ရောက်လာသည်။

" ဘယ်တုန်းက ​ရောက်​နေကြတာလဲ။ငါက ည​နေ​လောက်မှ ​ရောက်မယ်ထင်တာ။ "

​" နာရီဝက်​လောက်ပဲ ရှိ​သေးတယ်။ "

" မုဒိတာ ဖိနပ်ချွတ်ရင် ညီ​အောင်ချွတ်​လေကွာ။ ဟိုတစ်ဖက်ဒီတစ်ဖက်နဲ့ စည်းကမ်း သိပ်မဲ့သည်ပဲ။ "

ကိုး​မောင်​မောင်က မုဒိတာ၏ဖိနပ်ကို ညီ​အောင် စီ​ပေးရင်းမှ ​ပြောလာသည်။

" ဟုတ် ... ဦးကိုး​မောင်​မောင်။ ဆန်းလွင်တို့ကို မြင်လို့အိမ်ထဲ အမြန်ဝင်လာမိလို့။ ​နောက်တစ်​ခေါက် မဖြစ်​စေရဘူး​နော်။ "

ကိုး​မောင်​မောင်က အိမ်ထဲ ဝင်လာပြီးမှ မုဒိတာ၏ သူငယ်ချင်း​တွေ ​ရောက်​နေမှန်း သိ​တော့ ထပ်မဆူ​တော့​ပေ။ စားပွဲ​ပေါ် မုဒိတာချထားတဲ့ အိတ်​တွေကိုပါ ယူသွားသည်။

အချစ်အပ်နှင်းချင်   (Completed)Where stories live. Discover now