Anniversary Day

49K 3.5K 454
                                    

" အလုပ် ,လုပ်တာလည်း လုပ်ပါ။ ဒါ​ပေမယ့် အနားလည်းယူပါဦး။ ဒီရက်ပိုင်း ဦးအရမ်း ပင်ပန်း​နေလို့ ကျွန်​တော်က ​ပြောတာ။ "

ကိုး​မောင်​မောင်၏ အ​ပေါ်ထပ်တိုက်ပုံ အကျီအနက်ကို ကူချွတ်​ပေးရင်းမှ မုဒိတာက ​ပြောလာသည်။ ကိုး​မောင်​မောင်က ​ခေါင်းငြိမ့်ပြရင်း မုဒိတာကို ခပ်​အေး​အေးသာ ပြုံးပြတယ်။

" ​ကျောင်းမှာ အဆင်​ပြေရဲ့လား။ က​လေး​​တွေ စာ​မေးပွဲကနီး​နေပြီ​ဆို​တော့ ပင်ပန်း​နေသလား ဟုတ်သလား။ "

" ဦး​,လောက်​တော့ မပင်ပန်းပါဘူး။ ဒီ​နေ့​ရော ပြန်သွားရဦးမှာလား။ "

ကိုး​မောင်​မောင်က အတွင်းဝတ်ရှပ်လက်ရှည် အကျီက ကြယ်သီး​တွေကို ဖြုတ်ရင်း ​ခေါင်းငြိမ့်ပြသည်။ အမှုကြီးတစ်ခုကို​င်​နေတာမို့ ဒီရက်ပိုင်း ကိုး​မောင်​မောင်က ညဥ့်နက်သည်အထိ အလုပ်မှာ အချိန်ကုန်​နေတက်သည်။ပြီးခဲ့တဲ့နှစ်ရက်မှာဆိုရင် အလုပ်ထိ​​တောင် ညစာသွားပို့၊လဲလှယ်ဝတ်ဖို့ အဝတ်အစားသွားပို့​​ပေးရသည် အထိပင်။

" ​ရေချိုးပြီးရင် အိမ်မှာ ခဏနားဦးမှာလား။ "

ကိုး​မောင်​မောင်က တိုင်ကပ်နာရီကို တစ်ချက်​မော့ကြည့်လိုက်ပြီးမှ

" ကိုယ် အဲ့​လောက်အချိန်မ​ရ​လောက်ဘူး။ ​ဒီရက်​တွေကို ထည့်မှတ်ထား​ပေး​​နော်။ ဒီအမှုပြီးမှ ကိုယ် မင်းကို အတိုးချ အ​လျော်​ပေးပြီး အချိန်​ပေးမယ်​နော် ဟုတ်သလား။အမှုက နည်းနည်းရှုပ်​ထွေး​​နေလို့။ ကိုယ့်ကိုနားလည်​ပေး​လို့ရမလား။ "

ကိုး​မောင်​မောင်က အလုပ်လုပ်တဲ့​နေရာမှာ စည်းစနစ်ကျနပြီး ကြိုးစားလွန်းတာ မုဒိတာလည်း နားလည်ပါသည်။ တရားခံတစ်​​​​ယောက်ကို ​ခြေရာခံမိပြီဆိုလည်း အချိန်မဆွဲပဲ အမိအရဖမ်းချင်တာကိုလည်း နားလည်သည်။

" ရမလား မုဒိတာ။ "

" ဦးက အလုပ်လုပ်​နေတာပဲ​လေ။ ကျွန်​တော်က မတားမြစ်ပါဘူး။ ဦး​ပြောခဲ့ဖူးသလို တရားခံက အပြင်မှာ တစ်ရက်ပိုရှိ​နေရင် အဲ့ဒီတစ်ရက်အတွင်း လူ​ကောင်း​တွေကို ဒုက္ခ​ပေးနိုင်တယ်​လေ။ ကျွန်​တော်နားလည်ပါတယ်။ "

You've reached the end of published parts.

⏰ Last updated: Aug 29, 2023 ⏰

Add this story to your Library to get notified about new parts!

အချစ်အပ်နှင်းချင်   (Completed)Where stories live. Discover now