16

84.6K 6.7K 1.5K
                                    

" ဦးကိုး​မောင်​မောင် ... ကျွန်​တော်နှိပ်​ပေးရမလား။ "

လိုအပ်တဲ့ စာရွက်စာတမ်း​တွေ ပြင်ဆင်​နေသည်မို့ ကိုး​မောင်​မောင် အရမ်းပင်ပန်း​နေတာ မုဒိတာ သိပါသည်။ ကိုး​မောင်​မောင်က အခန်းတွင်းက စားပွဲ​ဘေးက ခုံမှာထိုင်​နေကာ စားပွဲ​ပေါ်မှာလည်း အခုလက်ရှိ စုံစမ်း​နေတဲ့ အမှုကတရားခံကျူးလွန်ထားသည်ဟု ယူဆရ​​သော ကွင်းဆက်အမှုစာရွက်​တွေ အပြည့်ဖြင့် ရှုပ်ပွ​နေသည်။မုဒိတာက ကိုး​မောင်​မောင် ​ဘေးမှာထိုင်ပြီး စာကြည့်​နေရသည်။

" မင်းက စာကလွဲရင် အကုန်စိတ်ဝင်စားတာပဲ ဟုတ်သလား။ စာကြည့်တာ ဘယ်​လောက်မှ မကြာ​သေးဘူး။ အငြိမ်မ​နေနိုင်​တော့ဘူး။ "

ကိုး​မောင်​မောင်က ​ဘေးမှ လှုပ်စိလှုပ်စိ ဖြစ်​နေတဲ့ မုဒိတာကို သတိထားမိပြီးသား။

" မဟုတ်ပါဘူး။ဦးကိုး​​မောင်​မောင် ခဏခဏ အ​​ညောင်းဆန့်​နေလို့ နှိပ်​ပေးရမလားလို့ပါ။ "

မုဒိတာက အနီးကပ် ​ဘေးတ​​စောင်းအ​နေအထားဖြင့် မြင်​နေရ​သော ကိုး​မောင်​မောင်၏ နှာ​ရိုးမြင့်မြင့်နဲ့ ကြည့်လို့​ကောင်းလှ​​သော နှာ​ခေါင်းကို ​ငေးကြည့်ရင်းမှ ​ပြောလာသည်။ကိုး​မောင်​မောင်က နှုတ်ခမ်းလှုပ်ရုံမျှ ပြုံးလိုက်ပြီး

" လိမ်လည်တာပဲ။ ဒီမှာ စထိုင်ထဲက စာမျက်နှာ နှစ်ရွက်ပဲ လှန်ရ​သေးတယ် ဟုတ်ရဲ့လား။ လူကြီးက စာကြည့် စာကြည့်လို့ ​ပြောရင်​တောင် မင်းက သစ်ပင်​ပေါ်ပဲ ​မော့ကြည့်မယ့် လူမျိုး။စာကို အဲ့သ​လောက် ​ကြောက်သလား။ "

မုဒိတာက စာကြည့်ပျင်းတာမျိုး မဟုတ်​ပေမယ့် တစ်ကြိမ်ကို တစ်နာရီ​လောက်နှုန်းနဲ့ ခဏခဏခွဲကြည့်ချင်တာမျိုး။ ကိုး​မောင်​မောင် ​ဘေးမှာ စာကြည့်ရင် သုံးနာရီ အနည်းဆုံး ထိုင်ရတာ။

" ကျွန်​တော် စာလည်းကြည့်ပါတယ်။ "

" ထားပါ​တော့။ "

ကိုး​မောင်​မောင်က ဘာမှထပ်မ​ပြော​တော့ပဲ အမှုတွဲ​​တွေကိုသာ ဖတ်​နေသည်မို့ မုဒိတာက သူ​ပြောတာ လက်ခံသည်ဟု ယူဆလိုက်သည်။ ချက်ချင်း စာအုပ်ကို ပိတ်ပြီး ကိုး​မောင်​မောင်ရဲ့ အ​နောက်မှာ မတ်တပ်သွားရပ်သည်။ ပြီး​နောက် မုဒိတာ၏  လက်သည်းကြည်ကြည်​လေး​တွေရှိ​သော လက်​​ချောင်းသွယ်သွယ်​လေး​တွေက ကိုး​မောင်​မောင်၏ ပုခုံးနှစ်ဖက်​ပေါ် ခပ်ဖွဖွ ကျ​ရောက်လာပြီး ခပ်ဖြည်းဖြည်းချင်း နှိပ်နယ်​​ပေးသည်။

အချစ်အပ်နှင်းချင်   (Completed)Where stories live. Discover now