Part...3

8.3K 584 15
                                    

Zawgyi❣️

အလင်္ကာ သူ့နောက်ကနေ တစ်ယောက်ယောက် လိုက်နေသလို ခံစားရတာကြောင့် မသိမသာ ကြည့်မိတော့ ခုန ဝင်တိုက်ခဲ့မိတဲ့လူ။
elevatorထဲဝင်တော့လဲ လိုက်လာသည်။အနောက်ကနေ သူ့ကျောကို  စိုက်ကြည့်နေတာကြောင့် ကြက်သီးပါထမိသည်။
ဒီအတိုင်းဆို သူလမ်းသူသွားသည်ဟု ထင်နိုင်ပင်မယ့် သူ့သွားနေတာ ဥက္ကဌကြီး ရုံးခန်း။ထိုလူပုံကြည့်ရတာလဲ ကုမ္ပဏီက ဝန်းထမ်းလဲ ဟုတ်ပုံမပေါ်။

"ဒီမှာ "

သူရပ်လိုက်ပြီး နောက်လှည့်ကြည်လိုက်တော့ ထိုလူက အေးအေးလူလူ ပီကေ ထုတ်ဝါးပြီး ဘာလဲ ဆိုတဲ့ အကြည့်နဲ့ကြည့်သည်။

"မင်း ငါ့နောက်ကို ဘာကိစ္စလိုက်နေတာလဲ"

"ကျုပ်ကလား ကျုပ်က ခင်ဗျားနောက် ဘာကိစ္စလိုက်ရမှာလဲ အားအားယားယား"

"ဒါဆို မင်းဘယ်ကို လာတာလဲ"

"အဲ့တာ ကျုပ်စောက်ကြောင်းလေ"
ပြန်ပြောတဲ့ပုံကိုက တစ်ကယ့် အရိုင်းအစိုင်း။

"မင်း ရိုင်းလိုက်ချည်လား"

"ဟောဗျာ ကျုပ်က ခင်ဗျားကို တတ်လုပ်နေတာလဲ မဟုတ်ဘူး
အဲ့တာကို ဘယ်နေရာက ရိုင်းတာလဲ"

"မင်း ကို မင်းမိဘက စကားကို အဲ့လိုရိုင်းအောင် ပြောရမယ်လို့ ဆုံးမထားတာလား။"

အလကာင်္ ဒေါသထွက်လွန်းလို့ အသားတွေပါ တုန်သည်။ဘယ်လိုတောင် ပြောရဲနေလိုက်သလဲ။

"ခင်ဗျား ဒေါသထွက်ပြီး နားရွက်လေးတွေ နီရဲနေတာ ချစ်စရာလေး"

"ဘာ!! တောက်"

ခွပ်  အ့

အလကာင်္ လဲ ဒေါသထွက်ထွက်နဲ့ ဘာမှ ပြန်မပြောတော့ဘဲ
ခေါင်းခေါက်ချလိုက်သည်။ထိုမျက်နှာရူးက ခေါင်းကို ဖိပြီး သူ့ကို ဒေါသနဲ့ကြည့်သည်။

အလကာင်္ လဲ အောင်နိုင်သူ တစ်ယောက်လို လှည့်ထွက်ပြီး ဥက္ကဌ ကြီး ရုံးခန်းထဲ ဝင်သွားလိုက်သည်။အလကာင်္ ဆိုတဲ့ သူက သူ့ကို ဒေါသထွက်အောင် လာလုပ်ရင် တစ်ချက်လောက် ထုလိုက်ရမှ စိတ်ချမ်းသာတဲ့လူ တစ်ယောက်။

"အော် အလကာင်္ လာလေ"

သူရုံးခန်းထဲ ရောက်တော့ ဥက္ကဌကြီးက စားပွဲကနေ ထလာပြီး ဧည့်တွေ့ ထိုင်ခုံပေါ် ပြောင်းလာသည်။

The Lawyer's boyfriendWhere stories live. Discover now