Part......28

4.4K 296 7
                                    

Zawgyi❣️

"ကိုကို ဘာဖြစ်လို့လဲ ဘာဖြစ်လို့ ငိုနေတာလဲ ။ မောင် အမှားလုပ်မိလို့လား မောင် တောင်းပန်ပါတယ်။ "

barကနေ ကိုကို့ ကို ပြန်ခေါ်လာပြီး ကြီးမေကို အကျိုးအကြောင်းပြောကာ အပေါ်ထပ်ကို တန်းခေါ်လာလိုက်သည်။
ကိုကို့ကို ကုတင်ပေါ်အမှာ ထားက အကျီလဲ ပေးဖို့ အကျီသွားထုတ်တုန်း ရှိသေး ရုတ်တရတ် ထထိုင်းပြီး ငိုနေတဲ့ ကိုကို့ကြောင့် ကုတင်ဆီ အမြန်ပြေးပြီး ရင်ခွင်ထဲ ထည့်ထားကာ တောင်းပန်စကားဆိုမိသည်။ ဘာကြောင့် ငိုမှန်း မသိပင်မယ့်
ကိုကို့ကို တောင်းပန်စကားဘဲ ဆိုနေမိသဘ်။

"မောင့်ကို ပြောလေကွာ ။ ဘာဖြစ်လို့ ငိုနေရတာလဲ။ မောင် ကိုကို စိတ်ညစ်အောင် တစ်ခုခုလုပ်မိလို့လားဟင်"

ဘာမှ မဖြေဘဲ ရင်ခွင်ထဲခေါင်းတိုးဝင်ကာ တစ်အိအိ ငိုနေတဲ့ ကိုကို့ကို ပိုတိုးလို့ ဖက်ထားလိုက်သည်။

"အွန်း ကိုကို မပြောချင်လဲ နေနော် ။ငိုချလိုက် မောင့်ရင်ခွင် တစ်ခုလုံး ငှားပေးမယ်။ ဒါပင်မယ့် တခြားလူ ရှေ့မှာတော့ မငိုရဘူးနော်။ "

အလင်္ကာ မောင် သူ့ကို ကုတင်ပြော တင်ပေးထားကတည်းက သူအသိကပ်နေပြီ။ သူ့အတွက် အကျီ ရွေးနေတဲ့ မောင့်ကို ကြည့်ပြီး သူငိုချမိသည်။ သူငိုတာနဲ့ မောင်က သု့ဆီပြေးလာပြီး
ရင်ခွင်ထဲ ဆွဲသွင်းကာ တောင်းပန်စကားဆိုသည်။ ဘာကိစ္စလဲ သေချာမမေးဘဲ တောင်းပန်စကားဆိုနေတဲ့ မောင့်ကြောင့်ူပိုငိုကြွေးမိသည်။

ဘာလို့ မောင်က ငါ့ကို အဲ့လောက်ချစ်ပေးနေရတာလဲ။ အဲ့ဒါမို့ ငါမောင့်လို လူကို လောဘတတ်မိတာပေါ့။အဲ့ဒါကြောင့်  ငါမစွန့်လွှတ် နိုင်တာပေါ့ မောင်ရယ်။မောင်က ငါ့အပိုင်ဘဲ။ ငါ့မပိုင်ရလဲ ငါကတော့ မောင့်အပိုင်အဖြစ် တံဆိပ်ရိုက်နှိပ်ထားရမယ်။

"မောင် ငါ့ကို နမ်း"

ရင်ခွင်ထဲက မျက်နှာလေး မော့လာကာ အရည်လဲ့နေတဲ့ မျက်လုံးများနဲ့ ကြည့်ပြီး ပြောလာတဲ့ ကိုကို့စကားကြောင့် အဏ္ဏဝါ ကြောင်သွားသည်။  သူကြောင်ကြည့်နေတုန်း ကိုကိုက သူ့ကို အရင် လာနမ်းသည်။

The Lawyer's boyfriendWhere stories live. Discover now