Zawgyi❣️
"ကိုကို စိတ်အေးအေးထား ဘာမှမဖြစ်ဘူး"
ဘေးကနေ စိတ်ပူနေတဲ့ ကိုကို့ကို အဏ္ဏဝါ ကားမောင်းနေရင်း
နှစ်သိမ့်လိုက်သည်။သူတို့ အိမ်ပြန်တဲ့ လမ်းမှာ အမှုသည် သင်းနု(အလင်္ကာ အခုလိုက်နေတဲ့ အမှုသည်ရဲ့ နာမည်ပါနော်)ဆီက ဖုန်းဝင်လာခဲ့သည်။ သူပုန်းနေတဲ့ နေရာကို လူယုတ်မာတွေ သိသွားတာကြောင့် လာကယ်ပေးဖို့ ငိုယိုပြီး ဖုန်းဆက်တာကြောင့် သူနေနေတဲ့ တိုက်ခန်းကို အဏ္ဏဝါနဲ့ ကိုကို လိုက်သွားရခြင်းပင်။"ကိုကို ဖြည်းဖြည်း"
ရောက်ရောက်ခြင်း ကားပေါ်က အမြန်ဆင်းပြီး ပြေးသွားတဲ့ ကိုကို့ကို အဏ္ဏဝါ လှမ်းအော်ပြီး အနောက်က လိုက်ရသည်။
သူတို့အခန်းရှေ့ရောက်ပြီး တံခါးခေါက်လိုက်တော့ သင်းနုက တံခါးလာဖွင့်ပေးသည်။မျက်နှာမှာလဲ ဖူးယောင်ကာ ဒဏ်ရာပလာပွပင်။အဏ္ဏဝါ ဒေါသထွက်သွားသည်။ မိန်းကလေးတစ်ယောက်ကို ဒီလောက်ထိ နှိပ်စက်တာ လွန်သည်။ ကိုကို့ကို ကြည့်တော့လဲ လက်သီးဆုပ်ထားသည်။ တင်းကြပ်နေအောင် ဆုပ်ထားတဲ့ ကိုကို့လက်သီးလေးကို အဏ္ဏဝါဖြည်ပြီး စိတ်အေးအေးထားဖို့ မျက်နှာရိပ်ကဲပြလိုက်သည်။
"ဘယ်လိုဖြစ်တာလဲ သင်းနု လူယုတ်မာတွေရော"
"ပြန်သွားပြီ ။ ပြီးတော့ ကျွန်မ ဒီအမှုကို လက်လျော့လိုက်တော့မယ်"
"ဘယ်လို ကျွန်တော်တို့ သက်သေတွေ အကုန်စုဆောင်းထားပြီးသားလေ ဒိထိရောက်လာပြီးမှတော့"
"ကျွန်မကြောက်တယ် သူ့တို့အင်အားကို ကျွန်မတို့ ဘယ်လိုမှ မနိုင်ဘူး ။ ကျွန်မ ဘဝကို အေးဆေးဖြတ်သန်းသွားချင်ပြီ။
သူ ...သူကလေ ကျွန်မ ဒီအမှုကို အပြီးသတ်ပိတ်ပေးရင် ကျွန်မကို လွတ်လပ်ခွင့်ပေးမယ်တဲ့"ငိုယိုပြီး ပြောနေတဲ့ သင်းနုကို သူတို့စာနာပါသည်။ ဘယ်လိုဘဲ ပြောပြော တစ်ယောက်ထဲ ရှိနေတဲ့ မိန်းကလေး တစ်ယောက်မလား။ အားကိုးစရာ မရှိတဲ့ အပြင် တိုင်ပင်ဖော်ပါ မရှိဘဲ တစ်ယောက်ထဲ ရုန်းကန်ရတဲ့ မိန်းကလေးမို့ အကြောက်တရားရှိတာ မဆန်းလှ။ဒါပင်မယ့် ဒီလိုပုံစံမြင်ရလေ အလင်္ကာ အဲ့လူယုတ်မာတွေကို နှိမ်နင်းချင်လေဘဲ။