Part...16

5.6K 409 11
                                    

Zawgyi❣️

"တရားသူကြီးမင်းခင်ဗျာ ကျွန်တော့်ဘက်က သက်သေကို ခေါ်ခွင့်ပြုပါ"

တရားလို မိန်းကလေး ရှေ့နေရဲ့ တင်ပြချက်ကို တရားသူကြီးက ခွင့်ပြုပေးသည်။

သက်သေအနေနဲ့ ဝင်လာတဲ့ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ ယောကျာ်းလေးတစ်ယောက်ကို ကျမ်းကျိန်ခိုင်းပြီးနောက် တရားလို မိန်းကလေးရဲ့ ရှေ့နေက မေးမြန်းသည်။

"နာမည် ဘယ်လို ခေါ်ပါသလဲ"

"အောင်မြတ်ပါ"

"တရားလိုနဲ့ ဘယ်လို ပက်သတ်နေပါသလဲ"

"ဘာမှ မတော်ပါဘူး။ မတရားမှုကို သက်သေလိုက်ရုံပါ"

သက်သေရဲ့ အဖြေကို အလင်္ကာမျက်ခုံးပင့်မိသည်။ အဏ္ဏဝါကို ကြည့်တော့ ရယ်နေသည်။ တရားလို ရှေ့နေ့ မေးသမျှနဲ့ ပြန်ဖြေတဲ့ အဖြေမှန်သမျှကိုအလင်္ကာ မလွတ်တမ်း လိုက်နားထောင်ရသည်။ ဘယ်လိုဘဲ ဖြစ်ဖြစ် အမှားကို ရှာရမယ်မလား။

"အဲ့နေ့က FG clubမှာ ရှိနေခဲ့ပါသလား"

"ရှိနေခဲ့ပါတယ် "

"ဒါဆို အဲ့နေ့က အကြောင်းလေး ပြန်ပြောပြပေးပါလား"

"အဲ့နေ့က ကျွန်တော်တို့ သူငယ်ချင်းတွေ ထိုင်သောက်နေတုန်း အဏ္ဏဝါဖွား ထိုင်သောက်နေတာကို တွေ့လိုက်တယ်။ ဘာရယ်မဟုတ် သူငှေးသားဆိုတော့လဲ ကြည့်မိတာပါ။ ခနနေတော့ အဏ္ဏဝါဖွားက ဒီမိန်းကလေးနားကို သွားတာကို တွေ့လိုက်တယ်။ကျွန်တော်တို့ ပြန်တော့ လမ်းမှာ အဏ္ဏဝါဖွားရဲ့ ကားထဲ ဒိမိန်းကလေးကို တွေ့လိုက်ပါတယ်"

"တရားသူကြီးမင်းခင်ဗျာ ကျွန်တော့် သက်သေ ပြောပြချက်အရ အဏ္ဏဝါဖွားရဲ့ ကားထဲ ဒိမိန်းကလေးကို တွေ့လိုက်တယ်လို့ ဆိုပါတယ်။ ဒါဆို အဖြေက ရှင်းပြီမလား။ အဏ္ဏဝါဖွားက ဒီမိန်းကလေးကို ခေါ်သွားခဲ့တယ်ဆိုတာ။ ဆေးမိနေတဲ့ သူမက အသိစိတ်လွတ်ပြီး သူမလိပ်စာနဲ့ Pwကို ပြောပြန်ုင်တာဘဲလေ"

တရားလိုရဲ့ ရှေ့နေက တရားသူကြီးကို တင်ပြသည်။ တရားသူကြီးက ခေါင်းငြိမ့်ကာ နားထောင်နေသည်။

"တရားခံရဲ့ ရှေ့နေ မေးစရာရှိသေးလား"

တရားသူကြီးက အလင်္ကာကို လှမ်းမေးသည်။အစက မေးမလို့ပင်မယ့် ဖုန်းထဲ ဝင်လာတဲ့စာတစ်စောင်ကြောင့် ငြိမ်နေလိုက်သည်။

The Lawyer's boyfriendWhere stories live. Discover now