Zawgyi❣️
"သုံးယောက်လုံးကို လက်စဖျောက်ပစ်လိုက်ရမလား"
"ရူးနေလား တေဇ ။ အဏ္ဏဝါဖွား ကို ထိလို့မရဘူး။ ကျန်တဲ့ နှစ်ယောက်တော့ အဆင်ပြေသလိုသာလုပ် အဏ္ဏဝါဖွားကိုသာ မထိစေနဲ့"
"အဲ့ကောင်က ဘာမို့လိုလဲ အဖေရာ"
"တော်တော့ မင်းပြင်ဆင်ရှိစရာသာ ပြင်ဆင်ထား ရွေးကောက်ပွဲနီးရင် စောက်ပြဿနာရှာပြီ"
သူအဖေထွက်သွားတာနဲ့ တေဇ သူ့အခန်းထဲက ပစ္စည်းတွေကိ ဒေါသတကြီး ရိုက်ခွဲတော့သည်။အခန်းထဲ အပျက်အစီးများနဲ့ ရစရာမရှိဖြစ်တော့မှ မွေ့ရာပေါ် လှဲချလိုက်သည်။
"အားးးသတ်ပစ်မယ် အကုန်လုံးကို "
"boss တရားသူကြီး ရောက်လာပါပြီ"
အခန်းအပြင်က သူ့တပည့်က လှမ်းပြောသည်။
"လာခဲ့မယ် "
သူသွားတော့ တရားသူကြီးက မတ်တပ်ရပ်ပြီး နှု
တ်ဆက်ဟန်ပြင်တာကြောင့် ခေါင်းတစ်ချက်ညိတ်ပြလိုကါသည်။ဒိတရားသူကြီးက သူအမှုကို စိရင်မဲ့ တရားသူကြီးလေ။
အသက်၅၀နားလောက်တော့ ရှိပြီထင်တယ်။"ရှည်ရှည်ဝေးဝေးမပြောချင်ဘူး ဘာလို့ခေါ်တာလဲ သိမှာပါ
အဲ့တော့ ဘယ်လောက်ပေးးရမလဲ""ဟုတ်ကဲ့ သိပါတယ် ဒါပင်မယ့် "
"သန်း၃၀ ဘယ်လိုလဲ "
"ဗျာ"
တရားသူကြီးက မျက်လုံးပြူးသွားသည်။ ဒါဘဲလေ ဘယ်သူက ငွေကိုမမက်ဘဲ နေလို့လဲ။
"ဒါပင်မယ် တစ်ခုရှိတယ် ဒီအမှုကို နောက်ထပ် မထွက်လာတော့အောင်ပါလုပ် ဘယ်လိုလဲ"
"ဟုတ်ကဲ့ မောင်အောင်တေဇ စိတ်တိုင်းကျ ဖြစ်စေရပါမယ် ဟို ဒါနဲ့ ငွေက"
"ခင်ဗျား အလုပ်ပြီးရင် တစ်ခါထဲ ပေးမယ် စရံငွေလိုချင်ရင်တော့...."
အောင်တေဇ ပြောရင်း ခါးကြားက ပစ္စတို သေနတ်ကို စားပွဲခုံပေါ်တင်လိုက်သည်။
"အာ ရပါတယ် အလုပ်ပြီးမှ ယူပါ့မယ် သွားခွင့်ပြုပါအုံး"
ထွက်သွားတဲ့ တရားသူကြီးကို ကြည့်ပြီး တေဇ ရယ်မိသည်။ ငွေရယ် သေနတ်က လူကို ပြောင်းလဲပေးနိုင်တယ်။