part....23

4.7K 323 11
                                    

Zawgyi❣️

အလင်္ကာ ဒီနေ့ အစောကြီး ထကာ လွှာလေးကို ပြင်ဆင်ပေးလိုက်သည်။ သူမလိုက်နိုင်ပင်မယ့် သူ့သမီးမဟုတ်လား။ သူသေချာ ပြင်ဆင်ရမှာပေါ့။

သူ့ရှေ့က ကျောင်းယူနီဖောင်းလေးနဲ့ ဆံပင် နှစ်ဖက်ခွဲစီးထားတဲ့သမီးလေးက သူ့မမနဲ့ တစ်ပုံစံထဲပင်။အဲ့တာကြောင့်ပင် ပိုချစ်နေရသည်။

လွှာလေးကို ပြင်ဆင်ပေးပြီး အခန်းဆီ ပြန်လာတော့ မောင်က အကျီချွတ်ကြီးနဲ့ အောက်ပိုင်းကို တဘတ်သာ ပတ်ထားပြီး ကုတင်ပေါ် ထိုင်နေသည်။ ခေါင်းပေါ်မှာလဲရေကစလက်။

"မောင့် !!အကျီမဝတ်ဘဲ ဘာလုပ်နေတာလဲ အအေးပတ်တော့မှာဘဲ ခေါင်းလဲ မသုတ်ဘူး"

အလင်္ကာ ပြောပြောဆိုဆိုနဲ့ ဗီဒိုထဲက မောင့်တွက် အကျီတွေ ဘောင်းဘီတွေ ထုတ်လိုက်ပြီး တဘတ်ယူကာ ကုတင်ပေါ်တတ်ကာ မောင့်ခေါင်းကို သုတ်ပေးလိုက်သည်။

"အအေးပတ်ပြီး သေချင်လို့လား ဟမ်"

"အိမ်ထောင်ရေး သုခဆိုတာ ဒါမျိုးထင်တယ်"

ပြုံးစိစိနဲ့ ပြောလာတဲ့ မောင်က တကယ် ခေါက်ချင်စရာ။

"ရူးနေလား ငါနဲ့ မောင်က မယူရသေးဘူးလေ"

"အဲ့ဒါဆို မြန်မြန် ယူကြရအောင်"

အနောက်ကို လှည့်လာပြီး သူ့ခါးကို ဖက်ကာ ဗိုက်ကို မှီပြီး မောင်က ပြောလာသည်။

"အလုပ်မရှိ အကိုင်မရှိ မောင့်ကို မယူချင်ပါဘူး"

"ဒါဆို မောင်အလုပ်ရှိရင် ယူမယ်ပေါ့"

"အွန်း မောင့် လုပ်ငန်း အဆင်ပြေရင် ယူမယ်။ ဒါပင်မယ့် ငါက ငွေမက်လို့ မဟုတ်ဘူးနော်။ မောင့်ကို သူများအပြောမခံစေချင်လို့။ ငါ့ကို ချစ်ပေးလို့ ပတ်ဝန်းကျင် အပြောနဲ့တင် လုံလောက်ပြီ။ ငါမောင့်ကို သူများ အထင်သေးတာ တစ်ကယ်မကြိုက်ဘူး အ့"

ပြောနေရင်း သူ့ဗိုက်ကို မောင်က ကိုက်လိုက်တာကြောင့် တော်တော်နာသွားသည်။

"စိတ်ချ ကိုကိုတို့ကို ဘယ်သူမှ အထငိမသေးရဲတဲ့အထိ မောင်ကြိုးစားမှာ"

"အွန်း ငါမောင့်ကို ယုံတယ်"

"ယုံရင်နမ်း"

The Lawyer's boyfriendWhere stories live. Discover now