Part......41

3.8K 240 15
                                    

Zawgyi❣️

"စိတ်အေးအေးထား ကိုကို ရဲတွေ မလာခင်အထိ မောင်အချိန်ဆွဲပေးမယ်"

မောင်က ပြောပြီး ဝင်ဖို့ ပြင်နေတဲ့ မောင့်လက်ကို လှမ်းဆွဲလိုက်သည်။

"ဒီကိစ္စရဲ့ တာဝန်ရှိသူ ရှေ့နေက ငါပါမောင် ...ငါမောင့်ကို တစ်ယောက်ထဲ မလွှတ်နိုင်ဘူး  ငါလဲ ယောကျာ်း တစ်ယောက်ပါမောင်~~~"

ထပ်ပြောဖို့ ပြင်နေတဲ့ မောင့်ကို  စိုက်ကြည့်လိုက်တော့ မောင်က သက်ပြင်းချသည်။

"ဘယ်လိုလုပ်မယ် စဉ်းစားလဲ "

"တေဇက သူ့ကိုယ်သူ သိပ်အထင်ကြီးတာဘဲ တပည့်တောင် တစ်ယောက်ဘဲ ခေါ်လာတယ်"

ဟုတ်သည်။ တေဇ သူ့ကိုယ်သူအထင်ကြီးတာထက် ဒီကိစ္စပြီးရင် သူ့တပည့်ကိုပါ သတ်ဖို့စီစဉ်ထားမို့ တစ်ယောက်သာ ခေါ်ထားခြင်းသာ။ မျက်မြင်မှနါသမျှ လက်စဖျောက်ပစ်ဖို့ စီစဉ်ထားသည်။

"မောင် ငါအကြံတစ်ခုရပြီ လာ"

မောင်နဲ့သူ အနီးတဝိုက်က ကာကွယ်ဖို့ တစ်ခုခုရှာလိုက်သည်။ ရှပ်ရှင်ကားမဟုတ်တော့ တုတ်တစ်ချောင်းပင်မရှိ။
တိုက်ပျက်ကြီးမို့ အုတ်ခဲအကျိုးအပဲ့တွေသာ ရှိသည်။

အုတ်ခဲ အကျိုး တစ်လုံးယူလိုက်ပြီး ခုန အခန်းအကွယ်ကို ပြန်သွားလိုက်သည်။

"တောက်စ် ငါ့ကို တော်တော် ဒုက္ခပေးတဲ့ကောင်မ"

တေဇ လဲကျနေတဲ့ သင်းနုကို ကြည့်ပြီး ရေရွတ်လိုက်သည်။
ခုံပေါ်က မြတ်ကတော့ အော်ငိုနေသည်။

"အားးးဒီကောင်မ တော်တော် နားငြီးတာဘဲ "

တေဇ မြတ်ရဲ့ ပါးစပ်ကို ဘေးက အဝတ်တစ်ခု ထိုးထည့်လိုက်သည်။

"အဟက် အခုမှဘဲ နားငြီးသက်သာသွားတော့တယ်၊မငိုပါနဲ့ ငါနဲ့ ပျော်စရာလေးတွေ မဖန်တီးချင်ဘူးလား အဟက်"

ဒုန်းးးးး

ထိုစဉ် အခန်းအပြင်က အသံတစ်ခုကြားတာကြောင့် တေဇ သူ့တပည့်ကို သွားကြည့်ရန် မျက်စပစ်ပြလိုက်သည်။သူ့တပည့်က ခေါင်းတစ်ချက် ညိတ်ကာ သေနတ်ကို အသင့်အနေထားနဲ့ ချဉ်းကပ်သွားသည်။

The Lawyer's boyfriendWhere stories live. Discover now