Part......46

3.7K 202 11
                                    

Zawgyi❣️

"မောင် မောင့် ထတော့လေ အစည်းအဝေးရှိတယ်ဆို"

အိပ်နေတဲ့ မောင့်ကို အသာနိုးလိုက်တော့ တအင်းအင်းနဲ့ သူ့ကိုပါ အိပ်ရာပေါ် ဆွဲလှဲလိုက်သည်။

"မောင်.....လွှတ်ကွာ  ထတော့ သာတောင် နိုးနေတာ ကြာပေါ့"

"ခဏလေးပါကွာ ဒီခန္ဓာကိုယ်လေး ဖက်မအိပ်ရတာ ဘယ်လောက်ကြာပြီလဲ....ဒီလိုမှန်းသိ ကလေးမယူပါဘူး"

ခွပ် အ့

အလင်္ကာ မောင်ဖက်ထားတာကို ရုန်းထကာ မောင့်ခေါင်းကို
ခေါက်လိုက်သည်။

"ကိုကိုကကွာ လက်သံပြောင်ချက် မျက်လုံးတောင်ပြူးသွားပြီ "
မောင်က ထလာပြီး သူ့ခေါင်းသူပွတ်ပြီး ပြောသည်။

"ပြောင်ရမှာပေါ့ ဘာလို့ သားကိုရလာတာကို နောင်တရသလို ပြောနေရတာလဲ သားကြားရင်လဲ စိတ်ကောင်းမှာ မဟုတ်ဘူး"

"ကိုကိုကလဲ သားက မသိသေးပါဘူး ပြီးတော့ မောင်က အဲ့လိုစိတ်နဲ့ ပြောတာမှ မဟုတ်တာ ဒီအတိုင်း ပြောလိုက်တာပါ"

"နားမလည်သေးလဲ မပြောနဲ့ ငါမကြိုက်ဘူး "

အဏ္ဏဝါ ကိုကိုခါးကို အနောက်ကဖက်ပြီး ပခုံးမှီထားလိုက်သည်။

"အွန်းးပါ ကိုကို မကြိုက်ရင် မောင် မပြောတော့ပါဘူး။ ဒါနဲ့
Morning kissလေး ပေးပါအုံး"

နှုတ်ခမ်းကို လက်ညိုးထိုးပြီး morning kiss တောင်းနေတဲ့ မောင့်ကို အလင်္ကာ ရယ်လိုက်ပြီး မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။

မောင်က မျက်နှာကြီး မော့ပြီး နှုတ်ခမ်းကြီး ထိုးပေးနေသည်။
အလင်္ကာ မောင့်နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းလေးနဲ့ ထိကပ်လိုက်သည်။

"အငဲ.....အငဲ...."

အဏ္ဏဝါ သူ့နှုတ်ခမ်းဆီ ထိကပ်လာတဲ့ ကိုကို့နှုတ်ခမ်းကို ပြန်နမ်းဖို့ ရှိသေး သားရဲ့ ငိုသံကြောင့် ကိုကိုက နှုတ်ခမ်းတွေ ခွာသွားပြီး သားဆီပြေးသွားသည်။

"အာ ဖေဖေ့သားလေးက သေးပေါက်ချလိုက်တာကို ဖေဖေလှဲပေးမယ်နော်"

အဏ္ဏဝါ ကုတင်ပေါ်ကနေ သက်ပြင်းချမိသည်။ သူရဲ့ မနက်စာလေး လွတ်သွားပြီ။ ညဆိုလဲ  သားက မအိပ်တာကြောင့်
ကိုကိုနဲ့ ဖက်တောင်မအိပ်ရ။အခုလဲ ကြည့် အချိန်ကိုက်ကို ထငိုတော့တာဘဲ။

The Lawyer's boyfriendWhere stories live. Discover now