Part.....9

6.2K 465 14
                                    

Zawgyi❣️

"အဏ္ဏဝါဖွားရဲ့ အဖွား ရောက်နေပါတယ်"

အဏ္ဏဝါ့ မျက်နှာ ပြုံးရွင်သွားတာကို အလင်္ကာ မြင်လိုက်သည်။အဏ္ဏဝါက အဖွားဖြစ်သူကို တော်တော် ချစ်ပုံရသည်။

"မြေး အဆင်ပြေရဲ့လား လာ အိမ်ပြန်မယ်"

အဏ္ဏဝါ့ကို လက်ဆွဲပြီး ပြန်ဖို့ လုပ်နေတဲ့ အဖွားဖြစ်သူကို စုံထောက်ကြီးက ရှေ့က တားလိုက်သည်။

"သွားလို့မရပါဘူး အဏ္ဏဝါဖွားကို ထိန်းသိမ်းထားဖို့ လိုအပ်နေပါသေးတယ်"

"ဘာ!! ရှေ့နေဘယ်မှာလဲ"

ရှေ့နေ့ကိုမေးတာကြောင့် အလကာင်္ ဖြေလိုက်သည်။

"ကျွန်တော် ပါဖွားဖွား"

ဖြန်းးးးး
ဖွားးးး
ထူပူသွားတဲ့ ပါးတစ်ဖက်ကြောင့် အလင်္ကာ ကြောင်သွားသည်။အသားဖြူတဲ့ အလင်္ကာ ရဲ့ မျက်နှာမှာ လက်ချောင်းရာပင် ထင်သွားသည်။အဏ္ဏဝါက အလင်္ကာနားကို လာပြီး ရှက်စိတ်ကြောင့် ယိုင်သွားတဲ့ အလင်္ကာကို အနောက်က ထိန်းထားသည်။

"ရှေ့နေ ဖြစ်ပြီး ငါ့မြေးကို လွတ်အောင်မလုပ်ပေးနိုင်ဘူးလား"

"ဖွား ဘယ်လိုလုပ်လိုက်တာလဲ သားက CCTVမှာ ပါနေလို့ သားနေရအုံးမယ် အလကာင်္ာ ပြန်တောင်းပန်ပါ!!။"

"မြေးးးး!!"

"ကိစ္စတွေ အားလုံး သား ပြောပြီးပြီး အလင်္ကာက သားကို ကူညီပေးမယ့်သူပါ"

အဏ္ဏဝါကို ကြည့်ပြီး ဒေါ်ကသ္တဖွား လုံးဝမယုံနိုင်။သူ့လိုလူကို
သူ့မြေးက တောင်းပန်ခိုင်းနေသည်။အဲ့တာကလဲ ဘာမဟုတ်တဲ့ ရှေ့နေတစ်ယောက်ကို။

"တောက်စ်!! ဒီမှာ မင်းငါ့မြေးကို အစွမ်းကုန် ကြိုးစားပေး"
ပြောပြီး ဒေါ်ကသ္တဖွားထွက်သွားသည်။စုံထောက်ကြီးကပါ လိုက်သွားသည်။

"ကိုကို ကျွန်တော် တောင်းပန်ပါတယ်"

"ကျေးဇူးတင်ပါတယ်"
အလင်္ကာ စကားကြောင့် အဏ္ဏဝါကြောင်သွားသည်။

"ဟမ်"

"ကျေးဇူးတင်တယ်လို့ ခုနကသာ မင်းငါ့ကို ကိုကိုလို့ ခေါ်ရင် ပါးနဲ့တင် မရလောက်ဘူး"

The Lawyer's boyfriendWhere stories live. Discover now