Part.....7

6.9K 490 7
                                    

Zawgyi❣️

"ကိုကိုရေ ကျွန်တော်လာပြီ"

"အလင်္ကာရေ ငါလာပြီ"

ပြိုင်တူအော်ခေါ်ရင်း ဝင်လာတဲ့ နှစ်ယောက်ကြောင့် အလကာင်္ မနက်စာပြင်နေရင်း ကြိတ်ရယ်လိုက်သည်။
အရင်က မင်းစေမောင်အတွက် မနက်စာ ပိုလုပ်ရတယ် အခုဆို အဏ္ဏဝါ့ အတွက်ပါလုပ်နေရပြီ။

အဏ္ဏဝါကတော့ မနက်စာဘဲ ထင်ရင်မှားမယ်။မနက် အလုပ်သွားရင် လိုက်ပို့သည်။ကုမ္ပဏီသွားရမယ့် နေ့ဆိုလဲ ကုမ္ပဏီထိလိုက်ပြီး တစ်နေ့ကုန် ကုမ္ပဏီမှာ ယောင်ချာချာနဲ့ လာလာချောင်းသည်။ ရုံးခန်းသွားရမယ့် နေ့ဆိုလဲ အကြောင်းမရှိ အကြောင်းရှာကာ တစ်နေ့လုံး ရုံးခန်းမှာ နေသည်။

ပိတ်ရက်လေးများ အေးဆေးနေရမလား တွေးမိပါတယ်။တစ်နေ့ကုန် တောက်တဲ့လိုဘဲ။ဒီလို လာလာနေတာက ကိစ္စတော့ မရှိပင်မယ့် အလုပ်လုပ်နေရင် ဘေးကနေတဂျီဂျီနဲ့က တစ်ကယ် ဘာအလုပ်မှမပြီး။ လွှာလေးတောင် အဲ့တောင် ဂျီမကျဖူးဘူး။

"ကိုကို ကော်ဖီ "

အလုပ်လုပ်နေရင်း ကော်ဖီလာပို့တဲ့ အဏ္ဏဝါ ကြောင့် တခြားဝန်ထမ်းများကလဲ တစ်ကြည့်ကြည့် ။တော်သေးသည် သူတို့
ရှေ့နေ့ရုံးခန်းက လူသိပ်မရှိလို့။ဒါပင်မယ့်လဲ တစ်ဆင့်စကား တစ်ဆင့်စကားက မလွယ်လှ။ ဘူးအပေါက် တစ်ရာသာ ပိတ်လို့ရချင်ရမယ်။လူ့ပါးစပ့် တစ်ပေါက်က ပိတ်လို့မရဘူးတဲ့။

"အဏ္ဏဝါ စကား ခဏပြောရအောင်"

အလကာင်္ အဏ္ဏဝါကို အပေါ်ဆုံးထပ်ကို ခေါ်ခဲ့လိုက်သည်။

"အဏ္ဏဝါ ငါ့နောက်ကို လိုက်နေတာ ရပ်တန်းက ရပ်ပါတော့"

"ဘာလို့လဲ ကိုကို့ကို ချစ်လို့ ကို့ကိုနောက်ကို လိုက်တာလေ"

"ငါမှ မင်းကို မချစ်တာ....မင်းကို ပြန်မချစ်တဲ့ လူတစ်ယောက်အနောက်ကို လိုက်နေတာက နှောင့်ယှက်တာနဲ့ အတူတူဘဲ"

"နှောင့်ယှက်တယ်... ကျွန်တော် ကိုကို့ကို အခုလိုချစ်နေတာ ကိုကို စိတ်အနှောင့်အယှက်ဖြစ်လို့လား"

"သိပ်ဖြစ်တာပေါ့ "

အလင်္ကာ အပြောကို အဏ္ဏဝါက ခေါင်းတငြိမ့်ငြိမ့်နဲ့ ရယ်သည်။

The Lawyer's boyfriendWhere stories live. Discover now