Part......47(End)

7.4K 261 24
                                    

Zawgyi❣️

အလင်္ကာရော အဏ္ဏဝါရော ဧည့်သည်တွေနဲ့ အားလုံးအလုပ်ရှုပ်နေကြသည်။ အကြောင်းမှာ သူတိ့ အိမ်အသစ်ပြောင်းလိုက်တာကြောင့် အိမ်သစ်တတ်ပွဲရော သားလေး ရက်၁၀၀ပြည့်ရော သားလေး နာမည်ကင်မွန်းတပ်ပွဲပါ တစ်ခါတည်း ကျင်းပလိုက်သည်။

အစက အဖွားက နာမည်ကင်မွန်းတပ်အရင် လုပ်မလို့ပင်မယ့် ဆစ်ခါထဲ စုလုပ်ဖို့ မောင်ကပြောတာကြောင့် အဖွားလဲ လက်ခံသွားသည်။ အိမ်သစ်ရဲ့ အိမ်နီးချင်းတွေကိုဖိတ်ပြိး မောင့် ကုမ္ပဏီက လူတွေရယ် လုပ်ငန်းရှင်တွေရယ်မို့ ပွဲအသေးလေးကနေ အကြီးကြီး ဖြစ်သွားသည်။

သားလေးကတော့ တစ်ယောက်တစ်လက်နဲ့ မြူနေကြတော့ ပျော်နေရှာတယ်။သားလေး ပါးဖောင်းဖောင်းလေးကို ဧည့်သည်များက အသဲယားစွာ နမ်းကြသည်။  လွှာလေးကတော့ သူ့မောင်ကို နမ်းသမျှ လူတွေကို မျက်စောင်းထိုးနေသည်။

မောင်ကတော့ သူ့လုပ်ငန်းရှင်တွေနဲ့ စကားပြောနေသည်။ မနက်ကတည်းက ဘုန်းကြီးတွေကို အာရုံဆွမ်းကပ်ထားတာကြောင့် အလင်္ကာ ပင်ပန်းနေသည်။ဒါပင်မယ့် တော်သေးသည်
။အောင်မြတ်လေးနဲ့ မင်းစေမောင်က လာကူပေးလို့သာ။

"ပင်ပန်းနေပြီလား "

မင်းစေမောင်က သူ့ဘေးမှာ လာထိုင်သည်။

"ဒီလိုပါဘဲ မင်းရော အောင်မြတ်လေးနဲ့ အဆင်ပြေရဲ့လား"

သူ့အမေးကို မင်းစေမောင်က မောင်ချီထားတဲ့ သားကိုမြူနေတဲ့ အာင်မြတ်လေးကို ကြည့်ပြီးပြုံးသသည်။

"ကလေးထိန်းရသလိုပါဘဲကွာ ငဂျစ်ကောင်"

"ဟားးးမောင်လဲ အတူတူပါဘဲ ငါတို့က ကလေးထိန်းနေရတာ"

နှစ်ယောက်သား ပြိုင်တူရယ်လိုက်မိသည်။ တစ်ကယ်လဲ
မောင်ရော အောင်မြတ်လေးရောက သူတို့ထက် ငယ်တယ်လေ။ သူရော မင်းစေမောင်က အသက် ၂၈ပင် ပြည့်တော့မယ်။ မောင်နဲ့ အောင်မြတ်လေးက ၂၇တောင် မပြည့်သေး။

"ကိုကို "

မောင်က ထိုင်နေတဲ့ သူဆီလာတာကြောင့် သားကို မောင့်ဆီက လွဲချီလိုက်သည်။

The Lawyer's boyfriendWhere stories live. Discover now