Extra💙3💙

14.6K 869 41
                                    

ခန့်ညား dutyထွက်ပြီးတာနဲ့ ငယ်ရှိရာ စိန်တိုက်ကိုပဲတန်းမောင်းလာခဲ့လိုက်သည်။အလုပ်ကိုလောဘကြီးတဲ့ ငယ်က ကိုယ်ဝန် ၆လ ထဲဝင်နေတာတောင်မနားသေးပေ။တစ်ဦးတည်းသောသားဖြစ်တာကြောင့် တစ်ချိန်မှာသူဦးစီးဦးကိုင်လုပ်ရမှာ ဖြစ်တဲ့အတွက်ပါ သူကအချိန်ရှိသရွေ့ လုပ်ငန်းအကြောင်းကိုလေ့လာသည်။

အခုလည်း ဆိုင်မှာဝင်ကြိုရဦးမည်။နားဖို့ပြောပေမယ့်လက်မခံတာကြောင့် ခန့်ညားကပဲ နားချိန်ရတာနဲ့အပြေးလာရပြီး စားချင်တာတွေဝယ်ကျွေး၊ဘာလိုအပ်လဲ ဘာဖြစ်နေလဲ အသေးစိတ်လာလာကြည့်ရသည်။သူလေးကတော့ အေးအေးလူလူပင်။သားဦးကိုယ်ဝန်လို့မထင်ရအောင် အရမ်းကိုပေါ့ပါးသွက်လက်လွန်းနေသည်။အစားနဲ့ပါးစပ်ကပျက်တယ်လို့ရယ်မရှိ။တစ်သွပ်သွပ်နဲ့ကိုစားနေတာ။ ultrasound ကတော့မရိုက်ဖြစ်။ငယ်က မွေးလာမှသိချင်တာဆိုလို့ ငယ့်သဘောအတိုင်းပဲသူလည်းလက်ခံလိုက်သည်။

သူလေးအဆင်ပြေလို့လည်း ကိုယ့်မှာdutyတွေကိုအေးဆေးစွာဝင်နိုင်တာ။နောက်လလောက်ဆိုရင်တော့ သူရောငယ်ရော နားတော့မည်။ကလေးမွေးပြီးတော့မှပဲ အကုန်ပြန်လည်လုပ်ကိုင်တော့မည်လို့တော့ နှစ်ဦးသဘောတူဆုံးဖြတ်ထားကြသည်။

စိန်တိုက်ရှေ့ရောက်တာနဲ့ ကားရပ်ရမည့်နေရာ ကားကိုဝင်ရပ်လိုက်ပြီး သူမလာခင်က ဖုန်းလှမ်းဆက်ကာမှာထားတဲ့ မုန့်ဘူးတစ်ချို့ကိုယူကာ ကားပေါ်ကဆင်းလာလိုက်သည်။

လူကတော့ တော်တော်ကျနေသည်။ကောင်တာတိုင်းမှာ လူလွတ်ရယ်လို့မရှိ။သူ့ရဲ့ဗိုက်ပူလေးရှိမယ့် ကောင်တာကိုလှမ်းဝေ့ကြည့်လိုက်တော့ တွေ့တာနဲ့ သူလည်းအဲ့ကောင်တာဘက်ကိုလျှောက်လာကာ အထဲဝင်ရမယ့်တစ်ဆင့်ခံတံခါးလေးကိုဖွင့်ပြီး ဝင်သွားလိုက်သည်။

သူ့ကိုတွေ့တာနဲ့ငယ်က...

"ကိုကို...ငယ်မှာတာတွေဝယ်လာရဲ့လား"

"ပါတယ်..အခုစားတော့မှာလား ကိုယ်ပြင်ပေးရမလား"

"ဟင့်အင်း..ကိုသွန်းဆီရောက်မှစားမှာ။ကိုကို ဘာသောက်မလဲ ငယ်စီစဉ်ခိုင်းလိုက်မယ်"

မောင့် အလိုကျ 💙(completed)Where stories live. Discover now