မောင့်အလိုကျ 💙34💙

32.5K 2.5K 195
                                    

Ep-34

ဆေးရုံးပြန်လာထဲက...ကိုကို သိသိသာသာကြီးကိုပြောင်းလဲသွားတာ...။ခန့်ထည်ကိုလည်း...
အရင်လိုဟိန်းဟောက်တာမလုပ်တော့...။ဒါမယ့်ဆေးရုံမှာခေါ်ခဲ့တဲ့ ...ငယ်ဆိုတာလေးကိုတော့မခေါ်တော့...။

"ကိုကို...ဆေးရုံမသွားဘူးလားဟင်.."

"အင်း...ဒီနေ့ နားတယ်...မင်းကို...သုတို့ ဆီလိုက်ပို့ မယ်လေ...မနက်ဖြန်..သွန်းငယ်လေး
မွေးနေ့ ဆိုတော့...မင်းသွားကူမှာမလား.."

"ဟို...အဲ့ဒါက..ကျွန်တော့်ဘာသာသွားလည်း
ရပါတယ်...ကိုကို..အလုပ်ပျက်ဦးမယ်..ပြီးတော့လူနာတွေလည်းကြည့်ပေးရဦးမယ်မလား..."

"စကားမများနဲ့ ကွာ..မင်းကိုလိုက်ပို့ မယ်လို့ ပြေတယ်မလား...စားမြန်မြန်..ပြီးရင်သွားမယ်.."

ကိုကို...စိတ်တိုလာမှာစိုးတာကြောင့်...ခန့်ထည်မနက်စာသာမြန်မြန်စားလိုက်သည်...။
ကိုကိုတော်တော်လေးကိုပြောင်းလဲသွားတယပါဆို...။

"စားပြီးထွက်လာခဲ့တော့..ကားပေါ်ကစောင့်မယ်.."

"ဟင်..ကိုကို..ကျွန်တော်..အင်္ကျီလဲ ဦးမယ်လေ.."

"ဘာကိုလဲမှာလဲ...မင်းသွားကူမှာမလား အလှသွားပြမှာမဟုတ်ဘူး..ကိုယ့်ကိုယ်ကိုအိမ်ထောင်သည်ဆိုတာသိဦး..မင်းနော်..အပိုတွေလုပ်မနေနဲ့ စားပြီးထွက်လာခဲ့.."

ဟယ်...သူကတော့..ကျော့ကော့​နေတာပဲဝတ်ထားတာ..လူကိုကျတော့..အိမ်နေရင်းဝတ်..တီရှပ်အဖြူဘောင်းဘီးအမဲအတို ဟိုမရောက်နဲ့ လူကြီးမကျကလေးမက ပုံနဲ့ သွားခိုင်းတယ်...တော်တော်တရားတဲ့ လူကြီး...။အိမ်ထောင်သည်တဲ့ ...ဘာမှမဘာရသေးတဲ့ အိမ်ထောင်သည်...။

~~ပွမ်~~ပွမ်~~

"လာပြီ...လာပြီ..."

အတွေးကောင်းနေတုန်း..အရှေ့ ကကားဟွန်းတီးနေတော့...လက်ကျန်ကော်ဖီလေးကို..တစ်ဂျိုက်ထဲသောက်လိုက်ပြီး...ဘေးနာက..ဖုန်းကိုယူပြီးပြေးရတော့သည်...။အိမ်ရှေ့ ရောက်တာနဲ့..တန်းပွားတော့တာပဲ..။

"ကြာလိုက်တာ..ဘာတွေလုပ်နေတာလဲ..မုန့်စားတာကို..ဘယ်သူ့ အကြောင်းတွေးပြီးစားနေတာလဲ.."

မောင့် အလိုကျ 💙(completed)Where stories live. Discover now