မောင့်အလိုကျ 💙38💙

31.8K 2.3K 121
                                    


Ep-38

ညနေသွားစရာရှိတယ်..ရေချိုးပြင်ဆင်ပြီးအသင့်စောင့်နေဆိုသော..လင်တော်မောင်ကြီးရဲ့စကားကိုနာခံစွာနဲ့ပဲ..ခန့်ထည်..ရေမိုးချိုးပြင်ဆင်ပြီးစောင့်နေလိုက်သည်..။ဟိုနေ့ညပြီးကတည်းက..ခန့်ထည်နဲ့ကိုကိုတို့ရဲ့အိမ်ထောင်းရေးက..အရင်ကထက်အဆပေါင်းများစွာပိုပြေလည်လာပြီး...ပိုပျော်ရွှင်ဖို့လည်းကောင်းလာသည်...။

နှစ်​ယောက်လုံးရဲ့..အချစ်တွေလည်းအပြန်အလှန်ဖွင့်ဟဝန်ခံထားတော့အတိုင်းထက်အလွန်ပေါ့...။ကိုကိုကအရင်ကနဲ့လုံးဝမတူစွာ..ခန့်ထည်ပေါ်ချစ်ခင်ကြင်နာ..ဂရုစိုက်သည်...။ခန့်ထည်လည်း ကိုကို့ဂရုစိုက်လို့လားမသိ..ကိုကို့ကိုဆိုရင်နည်းနည်းဆိုးချင်သည်...။

~~တီ~~တီ~~

အိမ်ရှေ့က.. ကားဟွန်းသံကြားတာကြောင့်..ခန့်ထည်ထိုင်နေရာကနေအမြန်ထပြီး..အိမ်ရှေ့ကို..အပြေးထွက်လာလိုက်သည်...။အိမ်​ရှေ့​ရောက်​တော့..ကားပေါ်ကမဆင်းပဲဟွန်းသံပေးနေတဲ့..ကိုကို...။

"ငယ်...အဆင်သင့်ဖြစ်ပြီလား.."

"ဟုတ်.."

"အဲ့ဒါဆို..တက်..သွားမယ်.."

"ဟင်..ကိုကိုကရေမိုးမချိုးတော့ဘူးလား.."

"မချိုးတော့ဘူး..တော်ကြာနောက်ကျနေမှာစိုးလို့..."

ဘယ်ကိုများသွားမှာမို့..ဒီလောက်တောက်အရေးကြီးနေပါလိမ့်...ခန့်ထည်လည်းစကားရှည်မနေတော့ပဲ..တစ်ဖက်က..lover seatမှာဝင်ထိုင်လိုက်သည်...။

"ကိုကို..အခုကဘယ်သွားမှာလည်း.."

"ရောက်ရင်သိမှာပေါ့..ငယ်ရဲ့..ကဲ..ခါးပတ်ပတ် ဦး.."

"ဟွန့်...လျှိုလိုက်တာ.."

မကျေမနပ်ရေရွတ်သံလေးကိုကြားသော်လည်း...မသိချင်ယောင်ပဲဆောင်နေလိုက်သည်..။သူလေးကိုရှင်းပြနေရင်..လိုရာခရီးရေုက်မှာမဟုတ်တော့..။ငယ်ကအရင်လိုမဟုတ်
ပုံမှန်ဗီဇလေးဖြစ်တဲ့...အဆိုးကျင့်လေးက..ပေါ်လာပြီ..ကိုယ်ကလည်း..ချစ်လွန်းလို့ ..အလိုပိုလိုက်တော့..ပိုဆိုးပေါ့..။

ခန့်ထည်ဘေးနားကနေ..ဖုန်းကြည့်ပြီးလိုက်လာတာ..နည်းနည်းကြတော့..ညောင်းလာတာကြောင့်..အပြင်ကိုမျက်စိအပို့...

မောင့် အလိုကျ 💙(completed)Where stories live. Discover now