မောင့်အလိုကျ 💙21💙

34.7K 2.3K 214
                                    

Ep-21

"မင်း…"

"မောင့်!!!"

"ဟင်!!"

မျက်လုံးအစုံတို့ ဝိုင်းသွားရသည်။ရှေ့ ကမြင်ကွင်းက သွန်းကိုအနည်းငယ်စိတ်မသက်မသာဖြစ်စေတာတော့အမှန်…တစ်ပြိုင်နက်ထဲ ဝဲဘက်ရင်ဘတ်လေးက မောဟိုက်လာရသည်။

honey့ ပုံစံကြည့်ရတာ မူမမှန်တာကြောင့် ပေါင်ပေါ်ကာ ကမ္ဘာဦးကို တွန်းချခဲ့ကာ honey့ စီအပြန်ပြေးလာမိသည်။

"honey!!!"

သူ သွားနေရင်းနဲ့ ပင် honeyက အဲ့နေရာမထိုင်ချလိုက်ကာ ရင်ဘတ်လေးကိုဖိထားတာကြောင့် သူခြေလှမ်းကျဲကြီးများဖြင့်သွားလိုက်သည်။

"honey…honey ဘာ~ဘာဖြစ်လို့ လဲ ဟင်"

"မော~မောတယ် ဆေး~~"

"ဟင်…အင်း မောင်ဆေးတိုက်မယ်နော် ဆေးတိုက်မယ်"

honey့ ရဲ့ အိတ်ဆောင်ဆေးဗူးအကန့် လေးတွေ
ပါတဲ့ ဟာလေးထဲကဆရာဝန်ညွှန်ကြားထားတဲ့သူအရေးပေါ်မောလာရင်သောက်ရမယ်ဆိုတဲ့  ဆေးတစ်လုံးကိုထုတ်ကာအမြန်တိုက်လိုက်သည်။

"လှဲ…ချင်…တယ်"

"အင်း~အင်းမောင့်ပေါ်လှဲနော် အခုတော့ ကားပေါ်မောင်ချီသွားမယ်နော်"

ဆိုင်ဝန်ထမ်းတွေကလည်း အနားကိုရောက်လာကာ ယပ်ခပ်သူခပ်ပေး ရေခွက်ကိုင်ထားတဲ့ သူကကိုင်ပေးနဲ့ ဘေးနားမှာစိုးရိမ်ကြီးစွာကြည့်နေကြသည်။

"အားလုံးပဲ ကိုယ့်အလုပ်ကိုယ်သွားလုပ်လိုက်ပါ"

"ဟုတ်!!!"

လူတွေအုံနေရင်သူလေးအသက်ရှုကြပ်မှာစိုးတာကြောင့် အကုန်လုံးကိုသူ့ နေရာသူပြန်သွားခိုင်းလိုက်ရသည်။ပြီးတော့ သူလေးကိုပွေ့ ချီလိုက်ပြီး ကားဆီကိုအမြန်လာလိုက်သည်။

ကားနားရောက်တော့ ဟိုကောင်လေးက တေဇကတံခါးဖွင့်ပေးထားသည်။ဘေးနားမှာ ကမ္ဘာဦးလည်းရပ်နေတာတွေ့ တော့ ခြံရံ ခပ်စူးစူးတစ်ချက်စိုက်ကြည့်ပေးလိုက်တော့ ခေါင်းငုံ့ သွားသည်။

အခုသွားပြောလို့ မဖြစ်သေး ရင်ခွင်ထဲက honeyကအရေးကြီးတယ် ပုံစံလေးကြည့်ရတော်တော်လေးပင်ပန်းနေပုံပေါက်တာကြောင့် ဆေးရုံးပဲသွားဖို့ ပြင်လိုက်သည်။

မောင့် အလိုကျ 💙(completed)Where stories live. Discover now