မောင့်အလိုကျ 💙25💙

33.4K 2.4K 113
                                    

အပြင်သွားချင်တယ်တဲ့ ဆိုသော honey့ 
အမိန့် ကိုခံလျက် နှစ်ယောက်လုံးအပြင်ကိုထွက်လာလိုက်သည်။ဘယ်ကိုသွားမယ်ဆိုသော
ရေရေရာရာဆုံးဖြတ်ချက်မရှိ...။စံအိမ်အပြင်ဖြစ်ရင်ပြီးရောဆိုလို့ အခုအပြင်ကိုတော့ ရောက်လာကြပြီ...။

နောက်တစ်ခုက နှစ်ယောက်ထဲသွားချင်တာတဲ့
အဲ့တော့ နှစ်ယောက်ထဲပေါ့...။အခုဆို ပတ်မောင်းနေတာတော်တော်ကြာပြီ ဘာတစ်ခွန်းမှမဟသေး...။ကားပြတင်းပေါက်လေးပေါ် ခွေးပေါက်လေးလို ခေါင်းလေးတင်ထားပြီး လိုက်ကြည့်နေသည်။ပြတင်းပေါက်ကလေးတိုးတော့
ရှေ့ ဆံပင်ပျော့ပျော့တို့ က လေအဟုန်အတိုင်းဝဲလွင့်နေသည်။မျက်လုံးလေးကလည်းလေတိုးလို့ ထင် ကြုံ့ ထားသေးသည်။

"အခုဘယ်ကိုသွားမလဲ honey"

"ဘယ်မှာမသွားချင်ဘူး"

"ဟင်!"

ရှင်းရော ပြန်ဖြေတာက...ဘယ်မှာမသွားချင်ဘူးတဲ့ ...အခုကိုယ်ကပြန်အချေခံနေရတာလား...
ဖြေသာဖြေတာ ကိုယ်ဘက်လည်းလှည့်မကြည့်...ခုနကနည်းတူစွာပင်...

"မောင်ပြောတာက မောင်တို့ ဒီလိုပဲကားပတ်မောင်းနေတော့မှာလား တစ်နေရာရာမသွားတော့ဘူးလားမေးတာလေ"

"မောင်းပေါ့ အခုလည်းကားကသွားနေတာပဲကို"

"ကျစ်~~honeyရာ မောင့်ကိုစိတ်ဆိုးနေတာလားပြော မောင်ဘာအမှားလုပ်ထားလဲ"

"........."

ဘာမှပြန်မဖြေ...အဲ့တော့ကိုယ်ကပဲ အလိုက်တသိသူလေးစားချင်နေတဲ့ spicyဆိုင်ကိုမောင်းလိုက်ရသည်။

မောင့်ဘဝမှာ...မင်းအပြုံးလောက်ဘာမှအရေးမကြီးဘူး honey...မင်းပြုံးလာဖို့ ဆိုရင်
မောင်လူပဲသတ်ရ သတ်ရ မောင်သတ်ပေးမှာ...

spicyဆိုင်ရှေ့ က ကားပါကင်မှာကားရပ်လိုက်တော့...ကားတံခါးပေါ်စောင်းတင်ထားတဲ့ ခေါင်းလေးကထောင်လာသည်။ပြီးတော့ခြံရံ့ ကိလြှည့်ကြည့်နေတာကိုခံစားမိပေမယ့်...ပြန်မကြည့်ပဲ
ခါးပတ်ကိုဖြုတ်ကာ...ကားတံခါးဖွင့်ဆင်းလာပြီး
သူလေးဘက်ကိုဖွင့်ပေးဖို့ လျှောက်လာလိုက်သည်။

တံခါးဖွင့်ပေးလိုက်ကာ...ခါးပတ်လေးကိုဖြုတ်ပေးလိုက်သိအထိနှစ်ယောက်ကြားမှာတိတ်ဆိတ်မှုသာကြီးစိုးနေသေးသည်။

မောင့် အလိုကျ 💙(completed)Where stories live. Discover now