မောင့်အလိုကျ 💙7💙🔞

63.9K 3.4K 121
                                    

warning 🔞🌚

သူ သူကဘယ်လိုလုပ်ဒီကိုရောက်နေတာပါလိမ့်
သွန်းတွေးနေတုန်းရှိသေးသည် ဟိုလူတွေသုံးယောက်ထဲကတစ်ယောက်ကသွန်းကိုတွေ့ သွားတာကြောင့် သွန်းအဲ့နေရာကနေအမြန်ပြေးထွက်လာမိသည်။

သွန်းပြေးနေရင်းနဲ့ အနောက်ကနေတစ်ယောက်ယောက်လှမ်းဆွဲတာကိုခံလိုက်ရသည်။

အဲ့ အဲ့ဒီလူက……………

"မောင်~~~"

"ရှုးးးး တိုးတိုး"

မောင်ကသွန်းကိုနံရံအကွယ်မှာဝင်ပုန်းစေပြီးအသံမထွက်ဖို့ ပြောတာကြောင့် သွန်းခေါင်းညိမ့်ပြလိုက်သည်။

*တောက်စ် ဒီိနားတင်ပျောက်သွားတာ*

*လာပါကွာ ရှာမနေနဲ့တော့ သူကငါ့တို့ ပြောတာအကုန်ကြားချင်မှာကြားမှာ ငါတို့ ဘည်းပြန်ရဦးမယ် တော်ကြာ မမလေးသိရင် ငေါက်နေဦးမယ် လာ*

လူကြီးတွေက သူတို့ ဘာသူတို့ ပြောပြီးအသီးသီးပြန်ထွက်သွားကြသည်။မောင်ကတော့သူတို့ ပြောတာကိုနားစွင့်နေသည်။မောင်မျက်နှာက ဒေါသအရိပ်အရောင်တွေတွေ့ နေရတာမို့ သွန်း
ကျောပင်စိမ့် သွားရသည်။သွန်းအခု မောင်နဲ့ နံရံကြားမှာညက်နေသလိုလေးဖြစ်နေသည်။

ဟိုလူတွေမရှိတာသေချာတော့မှ ခြံရံလည်းရင်ခွင်ထဲက စပ်စုစိန်ကို ခပ်တင်းတင်းကြည့်ပြီး မေးရတော့မည်။

"ကဲပြောပါဦး ဘာတွေများသွားလုပ်လို့ လဲ"

"ဟီးး honeyကဘာမှမလုပ်ပါဘူး သူတို့ ပြောတာလေးသိချင်လို့  နည်းနည်းသွားနားထောင်တာ"

"ဘာတွေများနားထောင်စရာကောင်းလို့ လဲ
honeyရယ် honeyကိုအခန်းထဲမှာမတွေ့ တော့မောင်ဘယ်လောက်စိတ်ပူသွားလဲ ဖုန်းကျတော့လည်းမကိုင်ပြန်ဘူး"

လမ်းမှာ ဖုန်းဆက်တာ လုံးဝမကိုင်တာကြောင့်
ခြံရံ စိုးရိမ်မှုကကျော်လွန်ကာ hotelရောက်တော့ချက်ချင်း အခန်းကိုသွားလိုက်သည်။အခန်းကိုသွားနေရင်းလည်းဖုန်းကိုအဆက်မပျက်ခေါ်နေလိုက်သည်။ဘန်ဂလိုရောက်တော့ အမြန်ဝင်ကြည့်လိုက်တော့ bedsideပေါ်က honey့ ဖုန်းလေးမြည်နေသည်။လူကိုမတွေ့  သူရေချိုးခန်းတွေရောရှိသမျှနေရာတွေအကုန်ပတ်ရှာနေရင်း
လူကချွေးစေးတွေပါပြန်လာရသည်။

မောင့် အလိုကျ 💙(completed)Where stories live. Discover now