မောင့်အလိုကျ 💙45💙

30K 2.2K 140
                                    

Ep-45

At America

In airport

ကောင်လေးတစ်ယောက်...လက်ထဲမှာလည်း...နာမည်ကပ်ပြားလေးတစ်ခုကိုကိုင်ထားလျက်...လေယာဉ်ဆိုက်ရောက်ကြောင်းသိရသည်နှင့်..ဧည့်ကြိုအပေါက်နားသွားကာ...လူတစ်ယောက်ကိုစောင့်နေလေရဲ့....။ထိုကောင်လေးကိုတော့..လူအချို့က..အထူးအဆန်သဖွယ်ကြည့်နေကြသည်...။ဘာလို့ဆို..ထိုကောင်လေးလက်ထဲမှာကိုင်ထားသောနာမည်ကပ်ပြားကြောင့်ပင်..နာမည်ဆိုတာထက်ထိုကပ်ပြားပေါ်မှာရေးထားသော..နာမည်ကြောင့်ဆိုပိုမှန်လိမ့်မည်...။

ထိုကပ်ပြားပေါ်မှာရေးထားသည်..စာလုံးလေးက...Policeman...ဆိုသောစာသားလေးကောင်ပင်....။

ထွက်လာသမျှလူတွေကို..ကျီးကန်းတောင်းမှောက်သူလိုက်ရှာကြည့်နေသည်..။မတွေ့ရတဲ့...အချိန်တွေကြာတော့မှ..နောက်တစ်ဖန်ပြန်လည်တွေ့ကြရမည့်အတွက်..သူအရမ်းစိတ်တွေလှုပ်ရှားနေပါသည်..။လူကြီးလည်းသူ့ လိုပဲ..ဖြစ်နေမလား..။

ရုတ်တရတ်ကြီး..လေယာဉ်ပေါ်ရောက်နေမှသူလာမည့်အကြောင်းကို..ဖုန်းဆက်ကာ..လူကိုစိတ်လှုပ်ရှားအောင်လုပ်တဲ့သူ...။ဒီအတော့အတွင်းမှာ..ဖုန်းနှင့်သာအဆက်အသွယ်ရှိပေမယ်..တာဝန်သိတတ်သောသူကြီးက...ကိုငယ်တို့ကိစ္စကြောင့်...သူ့ကိုစိမ်းကားစွာပဲ..အဆက်အသွယ်ဖြတ်ခဲ့ပါသည်...။သူ့တာဝန်ကိုကျေပွန်အောင်..အာရုံစိုက်ချင်လို့ပါဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့...အဆက်အသွယ်ဖျက်ထားတာ..သူမလာခင်နှစ်ရက်အလိုထိပင်...။

ထင်ရှား..အမေရိကားကို..ရောက်လာတာပါ..။ဟုတ်ပါတယ်..သူ့ရဲ့...တရားဝင်မတော်ရသေးတဲ့..ချစ်သူလေးရှိရာကိုသူထွက်လာသည်...။သူလေးနဲ့ဝေးကွာသွားတော့မှ...သူလေးအပေါ်ထားတဲ့..ကိုယ့်အချစ်တွေဘယ်လောက်နက်ရှိုင်းကြောင်း..နားလည်လာသည်...။သိသိချင်း..ကောင်လေးဆီသွားပြီး..ဖွင့်ပြောလိုက်ချင်ပေမယ့်...ခြံရံတို့ရဲ့..ကိစ္စကြောင့်...ကောင်လေးကိုခဏတော့မေ့ထားခဲ့ရသည်..။သူဆိုတာကလည်း..တကယ်..အမှုဆိုတာနဲ့..အဲ့တစ်ခုကိုအာရုံထားပြီး..တရားခံကို..အပြစ်ဒဏ်မပေးရမခြင်းမကျေနပ်တာကြောင့်ပင်...။

လေယာဉ်စိုက်ပြီဖြစ်ကြောင်း..လေယာဉ်မယ်လေးကပြောတာနဲ့...သူ့မှာရင်တလှပ်လှပ်...။
သူ့ရဲ့ Luggage ကိုရွေးပြီးတာနဲ့...ဆွဲယူကာ..ထွက်လာတော့....စောင့်ကြိုနေတဲ့..လူတွေကြားထဲမှာ..သူ့ရဲ့မတော်ရသေးတဲ့ချစ်သူလေးကိုဝေ့ဝဲရှာနေလိုက်သည်...။

မောင့် အလိုကျ 💙(completed)Where stories live. Discover now