မောင့်အလိုကျ 💙36💙

37.7K 2.3K 174
                                    

Ep.36

"အင်းးး... အာ့...ကျွတ်..ကျွတ်.."

မျက်နှာကိုနေရောင်ထိုးလာ​တာ​ကြောင့်...တစ်ဖက်လှည့်အိပ်ရန်ပြင်လိုက်စဉ်...အောက်ပိုင်းကအသည်းခိုက်မတက်နာကျင်မှုကြောင့်...စုတ်သတ်လိုက်မိသည်....။ပြီးတော့...တစ်ကိုယ်လုံးလည်း..လှုပ်မရ...တစ်ခုခုနဲ့...တင်းတင်းချုပ်နှောင်ထားသလို...ခံစားရတာကြောင့်..
မဖွင့်ချင်သေးသောမျက်လုံးတို့ကို...အားယူဖွင်လိုက်တော့....ပထမဦးဆုံးမြင်ရတာက...
ရင်ဘတ်ကျယ်ကြီးတစ်ခု...အပေါ်သို့တဖြည်းဖြည်းမော့ကြည့်လိုက်တော့...တွေ့လိုက်ရတာက
နှစ်ခြိုက်စွာ..အိပ်ပျော်နေတဲ့...ကိုကို....။
ခန့်ထည်ရဲ့...ခါးမှာလည်း...လက်တို့နဲ့..ရစ်ပတ်ထားသေးသည်...။

ကိုကိုနဲ့ညက...အဖြစ်အပျက်များကိုပြန်တွေးမိတော့...မျက်နှာကချက်ချင်းနွေးခနဲဖြစ်သွားရသည်...။ကိုကိုနဲ့...မင်္ဂလာဦးည ဆင်နွှဲလိုက်တာ...ကိုကိုမှတ်မိပါ့မလား..မနေ့က..ကိုကို
ကမူးနေတာမလား..မူးနေတာကို..အခွင့်ကောင်းယူတယ်ဆိုပြီးပြောမှာလား...။ခန့်ထည်ကိုမမြင်ချင်ဘူးထွက်သွားဆိုပြီ..အော်မှာလား...။
အဲ့လိုတွေးမိတော့...ခန့်ထည်ငိုချင်လာသည်..။
ကိုကို့ကိုသူမခွဲနိုင်ဘူး...ညကရုန်းထွက်ရင်ရပါတယ်..ဒါပေမယ့်... ကိုကိုမို့လို့ကို..ခန့်ထည်ပေးဆပ်တာပါ..ကိုကို့ကိုအရမ်းချစ်လို့..ကိုကို့အထိအတွေ့တိုင်းကို..မြတ်နိုးလို့...။

"အဟင့်...ဟင်...အင့်.. "

ဝမ်းနည်းစိတ်တို့က..လှိုက်တက်လာကာ...အသံထွက်ပင်ငိုမိတော့သည်...။

နားထဲမှာ..ကလေးငိုသံလို..ရှိုက်သံတစ်ချို့ကြားနေပေမယ့်...လေးနေသောမျက်ခွံတို့ကြောင့်ဖွင့်ကြည့်လို့မရခဲ့... ထို့အပြင်..သူ့ရင်ဘတ်တွင်လည်း...စိုစိစိခံစားရတာကြောင့်...အားယူကာမျက်လုံးတို့ကို..ဖွင့်လိုက်သည်။

တရားခံကာ..တခြားသူမဟုတ်..မနေ့ညကမှ..
ညီတော်ကောင်းမှုအကြောင်းပြုပြီး..တရားဝင်
ပေါင်းဖက်ခဲ့ရတဲ့..ချစ်လင်လေး..သူ့ရင်ခွင်ထဲအတင်းတိုးဝင်ပြီး...ပုခုံးလေးတွေလှုပ်သည်..အထိရှိုက်ငိုနေတာ..ဘာများဖြစ်လို့ပါလိမ့်..အရမ်းများနာနေလို့လား..သူ့မနေ့ညက
အဲ့လောက်လည်းမကြမ်းပါဘူး..သူတို့နှစ်ယောက် လုံးအတွက်..ပထမဆုံးအကြိမ်ဖြစ်တာကြောင့်..အငြင်သာဆုံးသာသွားခဲ့ပြီး..တစ်ကြိမ်မျှသာဆက်ဆံခဲ့သည်...။

မောင့် အလိုကျ 💙(completed)Donde viven las historias. Descúbrelo ahora