မောင့်အလိုကျ 💙18💙

35.8K 2.6K 176
                                    

Ep-18
"မောင့်~~အွန့် "

တားချိန်တောင်မရလိုက်မောင်က သွန်းဘေးနာချက်ချင်းဝင်ထိုင်ပြီး သွန်းနှုတ်ခမ်းတွေကိုရန်ရှာလာသည်။သွန်းအပေါ်နှုတ်ခမ်းလေးတွေကိုစုပ်ယူနေတော့ မောင့်ရဲ့ အောက်နှုတ်ခမ်းလေးတွေကိုလည်းသွန်းကအလိုက်သင့်ပြန်လည်စုပ်ယူနမ်းပေးလိုက်တော့သည်။နှစ်ယောက်လုံးအတူတူအနမ်းရေယဉ်ကျောဖြတ်ကူးနေတုန်း…

~~ကျွီ~~

"ဟင်!!"

"ဟာ!!"

တံခါးဖွင့်သံနဲ့ အတူအခန်းထဲကိုတစ်ပြိုင်တည်းဝင်လာတဲ့ အတွင်းရေးမှူးကောင်လေးကြောင့် သူရောမောင်ရော နမ်းနေရာကအလျင်အမြန်ခလိုက်ရသည်။

"ဟို~ဟိုတောင်းပန်ပါတယ် boss ကျွန်တော်က
ဒီအတိုင်း bossရှိမယ်ထင်ပြီးဝင်လာလိုက်တာ"

"ဘာ!!ငါရှိရှိမရှိရှိတံခါးခေါက်ရမယ်ဆိုတာ မင်းမသိဘူးလား လူကျင့်ဝတ်ဆိုတာကိုမင်းနားမလည်ဘူးလား ဟမ်!!!"

"ကျွန်~~ကျွန်တော်"

ဖြေရှင်းချက်မပေးပဲ စကားတွေသာထစ်နေသော
အတွင်းရေးမှူးအသစ်ကို ခြံရံ စူးစိုက်စွာကြည့်နေမိသည်။သူကတော့ ခေါင်းကိုသာငုံ့ ထားသည်။

ဘေးနားက honey့ ကြည့်လိုက်တော့လည်းမျက်နှာလေးပန်းနုရောင်လေးဖြစ်နေပြီး ရှက်နေပေပြီ…။အရှက်သည်းလွန်းတဲ့ သူ့ အတွက်ဒီအခြေအနေမှာသူဘယ်လောက်ရှက်မလဲဆိုတာ ကိုယ်အသိဆုံး…။

"မင်းသွားတော့…နောက်မှမင်းနဲ့ ငါရှင်းမယ်"

"ဟုတ်~~ဟုတ်ကဲ့ boss"

ပြောပြီးတော့ ကောင်လေးကထွက်သွားတော့သည်။ခြံရံ ခုနကကိစ္စကြောင့်ရှက်နေတဲ့ honey့ ကို ပြန်အစဖော်လိုမဖြစ် ပိုဆိုးသွားလိမ့် မည်…။
အဲ့ တော့ ခြံရံပဲ အလိုက်သိစွာ……။

"honey မောင်တို့ သွားရအောင်လေ အချိန်လည်းနီးနေပြီမလား"

"ဟင်~အင်းသွား~သွားမယ်မောင်"

"လာ သွားကြမယ်"

အသာလေး ထူပေးလိုက်ပြီးထစေလိုက်သည်။ပြီးတော့ ဖြည်းဖြည်းခြင်းအပြင်ကိုထွက်လာလိုက်သည်။ကိုယ်ဝန်ကနုသေးတော့ အသွားအလာအနေအထိုင်အကုန်လုံးကို ဂရုစိုက်နေကြရသည်။

မောင့် အလိုကျ 💙(completed)Where stories live. Discover now