မောင့်အလိုကျ 💙10💙

49.2K 3K 88
                                    

သွန်း အိမ်ကိုပြန်လာတဲ့တစ်လျှောက်လုံးစဉ်းစားလာခဲ့သည်။အဲ့လူရဲ့ အကြည့်တွေက လုံးဝမရိုးသား သွန်းကို စားမတက်ဝါးမတက်ကြည့်နေတာရယ်။ပထမဆုံးအကြိမ်တွေ့ တုန်းကလည်းအဲ့လိုပင်…

"တေဇ မောင့်ဆီကိုသွားမယ်"

"ဟုတ်ကဲ့ အကိုလေး"

ဒီကိစ္စကို မောင့်ကိုပြောပြရမယ်။သွန်းတို့ နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်ပွင့်လင်းဖို့ လိုတယ်မလား။တစ်ယောက်နဲ့ တစ်ယောက်ကမပွင့်လင်းရင် ကြားလူဆိုတာအလွယ်တကူဝင်လာနိုင်တယ်လေ။

အခုချိန် ဒီကိစ္စကသေးသေးလေးဆိုပေမယ့် တစ်ချိန်ချိန် သွန်းတို့ နှစ်ယောက်ကို ပြသာနာဖြစ်စေမှာကိုသွန်းမလိုလားပေ။မီးဆိုတာ မလောင်ခင်ကတားတာအကောင်းဆုံး မဟုတ်လား…။

သွန်းတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို နားလည်မှု ချစ်ခင်ယုယမှု ပွင့်လင်းမှုစသည်တို့ နဲ့ 
တည်ဆောက်ထားတာ။ပြသာနာတစ်ခုကို တစ်ယောက်တည်းဖြေရှင်းမှာထက် နှစ်ယောက်တူတူဖြေရှင်းတာကအကောင်းဆုံးပါ။တစ်ယောက်တည်းအနစ်နာခံသလို အချစ်သူရဲကောင်းကြီးလုပ်ပြီး ဖြေရှင်းမယ်ဆိုရင် ပြန်ရမှာကနားလည်မှုလွဲခြင်း မယုံကြည်ခြင်းတွေဖြစ်လိမ့် မယ်။သွန်းက ရုပ်ရှင်ဆန်ဆန်ဘဝကိုမဖြတ်သန်းချင်ဘူး။လက်တွေ့ ဆန်ဆန်ပဲဖြေရှင်းချင်တယ်…။

"အကိုလေး ရောက်ပါပြီဗျ"

"သြော် အေးအေး ဒါဆို တေဇမင်းတို့ ပြန်နှင့်တော့ ငါ မောင်နဲ့ ပဲပြန်လာလိုက်တော့မယ် အလုပ်သမားတွေကိုအသီးခွဲကျွေးဖို့ ကြီးလှကိုပြောလိုက်နော်"

"ဟုတ်ကဲ့  အကိုလေး"

သွန်းလည်း မောင့်ရုံးခန်းကို ဓာတ်လှေကားစီးကာတက်လာတော့သည်။မောင့်ရုံးခန်းရှေ့ မှာ ကိုစည်သူနဲ့ လက်ထောက်လေးကိုတွေ့ ရသည်။

"ကိုစည်သူ"

"ဗျာ အဲ အကိုလေး bossဆီလာတာလား"

"ဟုတ်တယ် မောင်အထဲမှာရှိလား"

"ရှိတယ်ဗျ ဝင်သွားလိုက်ပါ"

"အာ့ဆို သွန်းဝင်သွားလိုက်မယ်"

"ဟုတ်ကဲ့အကိုလေး ကျွန်တော်ကော်ဖီ ပို့ ခိုင်းလိုက်ပါ့မယ်"

မောင့် အလိုကျ 💙(completed)Where stories live. Discover now