အပိုင်း(၁)

2.6K 41 3
                                    

Unicode

ဖတ်လက်စဥပဒေစာအုပ်အထူကြီးကို ချထားလိုက်ပြီး ပတ်လက်မှီကုလားထိုင်ပေါ်ကနေ..ခြံပြင်ကိုငေးနေမိသည်။စိတ်ထဲမှာတော့သူဒီအမှုကိုပြီးအောင်လိုက်နိုင်ပါ့မလား၊တရားလိုအမှုသည်တွေအပေါ်မှာလဲအားနာမိသည်။ နာမည်ကြီးရှေ့နေတစ်ယောက်ဖြစ်သည့်အလျောက်ဖြေရှင်းရမည့်အမှုတွေများများလာကာ စိတ်ပင်ပိုဖိစီးလာသည်။ ထို့နောက်လက်ထဲက စီးကရက်ရှိုက်လိုက်ရင်း စီးကရက်အမှုန်တွေက ဘောင်းဘီပေါ်ကျလာတော့ အသန့်အရမ်းကြိုက်တဲ့ သူစိတ်ရှုပ်သွားရသည်။

"အာ...shit!စီးကရက်အမှုန်တွေက ချီးမို့ ငါ့ဘောင်းဘီပေါ်ကျလာရတာလား"

ထို့နောက် ကုလားထိုင်ပေါ်မှထကာအခန်းထဲဝင်၍ဘီရိုဖွင့်ကာဘောင်းဘီအသစ်တစ်ထည်ဆွဲယူလဲလှယ်လိုက်ပြီးနောက်ဖုန်းသံမြည်လာတာနှင့်ကိုင်လိုက်သည်..။

"အေး...ပြော"

"........"

"ဘယ်နားမှာဖြစ်တာလဲလူသတ်မှုက"

"......."

"shit!ဒီနေ့က ငါအနားယူတဲ့နေ့လေကွာ ချီးမို့ငါ့ဆီဖုန်းဆက်လှမ်းခေါ်နေတာလား၊ တစ်မှုတောင်မပြီးသေးဘူး နောက်တစ်မှုကိုငါဘယ်
လိုဆက်ကိုင်ရမှာလဲ၊ သူများဆီလွှဲလိုက်"

"......."

"မင်းဆိုသည်မှာလဲသောက်သုံးကိုမကျဘူး၊ ဘယ်နေရာဖြစ်ဖြစ်ငါမပါမပြီးဘူး။အဲ့တာဆို ခဏစောင့် နောက်၂နာရီလောက်ဆိုအရောက်လာခဲ့မယ်"

ဖုန်းချပြီးတာနဲ့ မှုခင်းဥပဒေနဲ့ပတ်သတ်တဲ့စာရွက်စာတမ်းတွေကောက်ထည့်ကာထွက်လာခဲ့လိုက်သည်။ဒီလိုပဲနာမည်ကြီးလာတာနဲ့ ဘယ်နေရာဖြစ်ဖြစ်ကိုယ်ပါမှဖြစ်နေတာကို ဧကရာဇ်သဘောမကျ..။သို့သော်လဲ ဒီလိုဘဝမျိုးရောက်အောင်သူကိုယ်တိုင်ကြိုးစားခဲ့တာပဲမို့ကိုယ့်ကိုယ်ကိုသာအပြစ်တင်ချင်မိသည်။

မှုခင်းနေရာရောက်တော့ ရဲမှူးနဲ့စုံထောက်တစ်ယောက်ကစကားတွေပြောနေကျပြီးတစ်ချို့ရဲဝန်ထမ်းတွေက အလောင်းကိုမှတ်တမ်းတင်ဓာတ်ပုံရိုက်သူကရိုက် သက်သေရှာဖွေသူကရှာနဲ့အလုပ်ရှုပ်နေကြသည်။ထို့နောက်ရဲမှူးက ဧကရာဇ်ဝင်လာတာကိုတွေ့လိုက်တာနဲ့လက်ပြခေါ်လိုက်တော့ ရဲမှူးဆီခြေလှမ်းရွှေ့လိုက်၏။

Karishna &The Psychic Killer [ Completed ]Where stories live. Discover now