အပိုင်း(၇)

319 14 0
                                    

Unicode

တီ...တီ...တီ...

"ဆုတ်...ဆုတ်...ဆုတ်"

"ဟိုးထား...ဟိုးထား"

အမှိုက်ပုံနားမှာ အမှိုက်လာချရင်းဂုံနီအိတ်တစ်ခုနားအရောက် အနီရောင်သွေးတို့ကိုမြင်လိုက်တာနဲ့ အနားသွား၍အိတ်ဖွင့်ကြည့်လိုက်ရင်း...

"အား!"

ခြေလှမ်းနောက်ဆုတ်လိုက်ရင်းဖင်ထိုင်ချမိသွားပြီး အခြားစည်ပင်ဝန်ထမ်းတစ်ယောက်ကားပေါ်ကဆင်းလာတော့အလောင်းတွေ့တာနဲ့

"အား!ဒါ....ဒါ...လူသေကြီးမဟုတ်ဘူးလား၊ဘယ်သူကလူသေကြီးကိုဒီမှာလာစွန့်ပစ်သွားတာလဲ"
"ရဲစခန်းမြန်မြန်ဖုန်းဆက်"

**** ****
****

"သြော်...Karishရောက်လာပြီလား"

အမှိုက်ပုံနားမှာဆေးရုံကားတွေရောရဲကားတွေရောစုံလျက် လှည့်ပတ်ကြည့်နေတုန်းရဲမှူးကိုတွေ့တာနဲ့အပြေးသွားလိုက်ပြီး

"ဘယ်လိုဖြစ်တာလဲရဲမှူး ဒီတစ်ခါအမှိုက်ပုံတဲ့လား"

"အလောင်းကိုဂုံနီအိတ်ထဲ ထည့်ပစ်ထားခဲ့တာ၊စစ်ဆေးကြည့်တော့ ဦးခေါင်းကို တစ်ခုခုနဲ့ရိုက်ချထားပြီး အသက်ရှင်နိုင်သေးတာကို အိတ်ထဲထည့်ပိတ်ထားတော့အသက်ရှူကြပ်ပြီး...ဟင်း"

ပြောပြောဆိုဆို အလောင်းနားသွားကြည့်လိုက်တော့ မနေ့ကmart
မှာသူတို့မေးမြန်းခဲ့တဲ့မိန်းကလေး....

"ရဲမှူးဒီမိန်းကလေးက မနေ့က ကျွန်တော်တို့မေးခဲ့တဲ့ မိန်းကလေးဗျမဟုတ်မှလူသတ်သမားက"

Karishတစ်စုံတစ်ခုကိုသတိရသွားပြီး

"ဘာဖြစ်တာလဲKarish"

မေးလာတဲ့ရဲမှူးဘက်ကိုလှည့်လိုက်ပြီး

"ကျွန်တော်တို့လူသတ်သမားနဲ့ဝင်တိုက်မိခဲ့တယ်ထင်တယ်"

"ဟေ"

ရဲမှူးနဲ့စကားပြောနေစဥ်ရဲဝန်ထမ်းကောင်လေးတစ်ယောက်ရောက်လာပြီး ဖုန်းကိုင်လျက်...

"ရဲမှူးရင်ခွဲရုံကဖုန်းဆက်ပါတယ် အဖြေသိရပြီတဲ့"

"အင်းအဲ့တာဆို အရင်ဆုံး ရင်ခွဲရုံသွားရအောင်...Karishလဲလိုက်ခဲ့"

Karishna &The Psychic Killer [ Completed ]Where stories live. Discover now