အပိုင်း(၈)

297 12 0
                                    

Unicode

Karishပြောသမျှကိုဧကရာဇ်နားထောင်ရင်းစိတ်မကောင်းစွာဖြင့်ခေါင်းငြိမ့်လျက်

"ဒါဆို...ငါတို့ပြန်ပြီးမှဖြစ်တာထင်တယ် လူသတ်သမားက သူရဲ့အကြောင်းကိုသိသွားမှာစိုးလို့ အဲ့ဝန်ထမ်းမလေးကိုနှုတ်ပိတ်လိုက်တာ"

"အဲ့တာပြောတာ တကယ်မိန်းကလေးတစ်ယောက်ကိုညကြီး
မင်းကြီးလုပ်ရက်တယ်"

ဧကရာဇ်အကြံတစ်ခုရသွားကာKarishကိုကြည့်လိုက်ပြီး

"အလောင်းတွေ့တာမြို့စွန်နားမှာနော် အဲ့တာဆို လမ်းတစ်လျှောက်ကCCTV တွေကိုစစ်ကြည့်ရင်အနည်းဆုံးကားနံပါတ်တော့သိရမှာပဲ"

Karishကလဲခေါင်းငြိမ့်လိုက်ရင်း နှစ်ယောက်သား CCTVရှာဖို့အပြင်ထွက်လိုက်တာနဲ့ ဖုန်းဝင်လာတော့ကိုင်လိုက်သည်။

"Hello...ရဲမှူး"

"..........."

"ဗျာ!တိုက်ခန်းထဲကလူသတ်မှုကလာဝန်ခံတယ် ဟုတ်လား၊ ကျွန်တော်အခုချက်ချင်းလာခဲ့ပါ့မယ်"

ဖုန်းပြောပြီးတာနဲ့ဧကရာဇ်ကိုကြည့်လိုက်ရင်း

"ကျုပ် ခင်ဗျားနဲ့မလိုက်ဖြစ်တော့ဘူး CCTVကိုလဲနောက်နေ့မှရှာကြတာပေါ့။အခုစခန်းကိုပြန်သွားရအုံးမှာ တိုက်ခန်းအမှုကကိုယ်တိုင်လာဝန်ခံတယ်တဲ့"

"ဘယ်လို အဲ့တာဆိုငါလဲလိုက်မယ်"

Karishကပြောရင်းလှည့်ထွက်လာတော့ဧကရာဇ်ပါနောက်ကလိုက်လာရင်း

"ခင်ဗျားဘာလို့လိုက်လာတာ ၃၄လမ်းထောင့်ကအမှုတောင်မပြီးသေး
တာဘာလိုက်ရှုပ်တာ"

"ငါလဲအမှုလိုက်ရှေ့နေလေ ငါလဲသိဖို့လိုတယ်။လျှာမရှည်နဲ့"

**** ****
****

စခန်းထဲဝင်လာတာနဲ့ လက်ထိပ်ခတ်လျက်ထိုင်နေသောစည်ပင်ဝန်ထမ်းနှစ်ယောက်ကိုကြည့်လိုက်ပြီး ရဲဝန်ထမ်းကိုKarishမေးလိုက်မိသည်။

"သူတို့က"

"သူတိူ့က ပထမဆုံးမျက်မြင်သက်သေလဲ ဖြစ်သလိုသံသယရှိသူလဲ
ဖြစ်တာမို့စုံစမ်းမေးမြန်းရအောင်ခေါ်ထားတာပါ"

Karishna &The Psychic Killer [ Completed ]Where stories live. Discover now