အပိုင်း(၃)

407 16 0
                                    

Unicode

"ကျွန်မသမီးလေးကိုသတ်သွားတဲ့ လူသတ်သမားကိုသေချာပေါက်ဖမ်းပေးပါရှေ့နေလေးရယ်...အီး...ဟီး...အီးဟီး...."

တရားလိုအမှုသည်ကငိုယိုရင်းပြောနေတော့ဧကရာဇ်အိတ်ထဲက ဓာတ်ပုံယူပြီးအမှုသည်ကိုပြလိုက်၍

"မိန်းကလေးက အိမ်ပြန်လာရင်း martမှာတစ်ခုခုဝင်ဝယ်တုန်းဖြစ်သွားတာလို့CCTVမှာရိုက်မိထားတဲ့ပုံတွေအရကောက်ချက်ချရတယ်၊ဘာလို့ဆို လူသတ်သမားကမိန်းကလေးကိုသေချာ စောင့်ကြည့်နေပြီးမှမေ့ဆေးအုပ်ခေါ်သွားတာလဲဖြစ်နိုင်လို့အနီးအနားပတ်ဝန်း
ကျင်ကလူတွေမသိဖြစ်သွားရတာ"

အမှိုက်ပုံးထဲထည့်ထားလို့ခြေထောက်ရိုးတွေငေါထွက်နေတဲ့ဓာတ်ပုံတွေကိုကြည့်ရင်း ငိုယိုလိုက်တာနဲ့

"အမလေး...အီး...ဟီး...အမေ့သမီးလေးအဖြစ်ဆိုးလှချည်လား....အီး..ဟီး....လူသတ်တရားခံကိုသေချာပေါက်ဖမ်းပေးပါ...
အီး...ဟီး...ဟီး..."

ဧကရာဇ်လဲအမှုသည်ရဲ့ လက်ဖဝါးလေးနှစ်ဖက်ကိုဖိဆုပ်ပြီး ဖမ်းပေးပါ့မယ်အကြိမ်ကြိမ်ဂတိပေးခဲ့ပြီးတော့မှပြန်လာခဲ့ရသည်။

အမှုသည်နှင့်စကားပြောပြီး ဆိုင်ထဲကပြန်ထွက်လာတဲ့ဧကရာဇ်ကိုမြင်တာနဲ့Karishက ကားတံခါးဖွင့်လိုက်ပေးလိုက်ပြီး ဧကရာဇ်ဝင်ထိုင်လိုက်တာနဲ့စကားစလိုက်သည်။

"ခင်ဗျားဘယ်လိုထင်လဲ"

"ဘာကိုဘယ်လိုထင်ရမှာလဲ၊ အစမရှိအဆုံးမရှိနဲ့စကားကို"

"၃၄လမ်းထောင့်ကအမှုနဲ့ အခုဒီနေ့မနက်ဖြစ်သွားတဲ့ တိုက်ခန်းထဲကလူသတ်မှုနဲ့ကိုပြောတာ တရားခံတစ်ယောက်ထဲဖြစ်နိုင်လားလို့"

Karishမေးတော့ ဧကရာဇ်ကပုခုံးတွန့်လိုက်ပြီး

"ပြောလို့တော့မရသေးဘူးထင်တာပဲ တိုက်ခန်းထဲကမိန်းကလေးကအလောင်းခွဲတာအဖြေမထွက်သေးဘူးမလား၊သတ်ပုံသတ်နည်းတူသွားတာမျိုးရောမဖြစ်နိုင်ဘူးလား၊ပြီးတော့ ချစ်သူနဲ့စကားများရင်းဖြစ်သွားရတာမျိုးတို့ဘာတို့ပေါ့"

"ဘယ်ချစ်သူကအဲ့လောက်မိန်းကလေးတစ်ယောက်ကိုပုံဆိုးပန်းဆိုးဖြစ်အောင်သတ်မှာလဲ"

Karishna &The Psychic Killer [ Completed ]Where stories live. Discover now