အပိုင်း(၉)

291 15 0
                                    

Unicode

စစ်ဆေးမေးမြန်းပြီးပြန်ထွက်လာတာနဲ့ရဲမှူးကစောင့်နေပြီးနှစ်ယောက်စလုံးကိုကြည့်နေတော့

"အကုန်လုံးဖြောင့်ချက်ပေးပြီးသွားပါပြီ တရားစွဲဆိုဖို့ပဲကျန်တော့တယ်။လူသတ်မှုဆိုတော့ရဲစခန်းကနေ တိုက်ရိုက်ဦးတိုက်လျှောက်ထားလိူ့ရတယ်၊ တရားစွဲတာက တော့တရားလိုနေရာမှာ လူပုဂ္ဂိုလ်ကနေနိုင်ငံတော်ထိအကျုံးဝင်တယ်"

"လူသတ်သမားကိုယ်တိုင်ဝန်ခံလာတာမျိုးကရှားတဲ့အတွက်ကိုယ်တိုင်ဝန်ခံလာတော့ရဲစခန်းရဲ့ စခန်းမှူးကနေပြီး တရားလိုအနေနဲ့ တရားစွဲဆိုပိုင်ခွင့်ရှိတယ်၊ အကယ်၍ရဲအရေးပိုင်မှုထဲမပါရင်တော့အသတ်ခံရတဲ့မိသားစုကိုတရားစွဲဆိုခိုင်းရမယ်"

ဧကရာဇ်ပြောတာနားထောင်ရင်းစခန်းမှူးခေါင်းငြိမ့်လျက်...

"မင်းတို့လဲပင်ပန်းသွားပြီ"

"မဟုတ်တာ ရပါတယ်"

ထို့နောက်ဧကရာဇ်က စည်ပင်ဝန်ထမ်းနှစ်ယောက်ကိုကြည့်ရင်း
Karishကိုလှည့်ကြည့်ပြီး

"မင်းသူတို့ကိုစုံစမ်းမေးမြန်းအုံးမှာလား"

"အင်း"

"အဲ့တာဆို ငါပြန်နှင့်တော့မယ် တရားခွင်အတွက်လုပ်စရာတွေရှိသေးတယ်"

"မြန်မြန်ပြန်အာရုံနောက်တယ်"

Karishစကားကြောင့်ဧကရာဇ်မျက်စောင်းရွယ်လိုက်ပြီး လက်ခလယ်ထောင်ပြကာစခန်းအပြင်ပြေးထွက်သွားတာကိုကြည့်နေလိုက်ရင်းKarishစိတ်ထဲတွင်တော့...ဒီလူတကယ့်အရိုင်းအစိုင်း။

*** ***
***

"ဒင်းတောင်"

စီးကရက်သောက်ရင်း စာအုပ်တွေထိုင်ဖတ်နေကာ ဘဲလ်တီးသံကြောင့် ခြံပြင်လှမ်းငေးလိုက်တော့Karish။သူများအိမ်ကိုဒီကောင်ဘာလာလုပ်တာလဲ။ထို့နောက်ခြံထဲဆင်းကာတံခါးဖွင့်ပေးလိုက်ပြီး

"ဘာလာလုပ်တာလဲ"

"ဒီနေ့နားရက်လေ အဲ့တာကြောင့် အိမ်လာလည်တာလုပ်ဖော်
ကိုင်ဖက်က အိမ်လာလည်တာတောင်မရဘူးလား"

အိမ်ထဲရောက်တာနဲ့ဆိုဖာပေါ်ထိုင်လိုက်ပြီးဧကရာဇ်ကိုကြည့်လိုက်တော့ဧကရာဇ်ကလဲစီးကရက်ရှိုက်ရင်းမော့အကြည့်မျက်လုံးချင်းဆုံစည်းသွားတာနဲ့Karishရှေ့ကထိုလူကိုသေချာကြည့်လိုက်မိသည်။

Karishna &The Psychic Killer [ Completed ]Where stories live. Discover now