အပိုင်း(၁၄)

313 13 0
                                    

Unicode

"ဒေါက် ဒေါက်"

အပြင်မှတံခါးခေါက်သံကြောင့်ဆေးသောက်မလို့ဆေးလိုက်ရှာရင်းတံခါးသွားဖွင့်လိုက်တော့တံခါးဝရပ်နေသူကဧကရာဇ်ဖြစ်နေတော့မျက်နှာထားလေးတင်းမာသွားပြီး

"ခင်ဗျားဒီကိုဘာလာလုပ်တာလဲ"

"မင်းကိုငါညက ကိစ္စအတွက်တောင်းပန်ပါတယ်"

အမြဲတမ်းသူများကိုနူးနူးညံ့ညံ့လေးလို့ခနဲ့ပြီးရွဲ့ခဲ့တာကကိုယ်၊
တကယ်တမ်းကျကိုယ့်လက်ထိပ်နဲ့ကိုယ်စရိတ်ကိုကျောကော့အောင်ခံခဲ့ရပြီးဒီလူကိုမမြင်ချင်လို့စောစောထွက်လာခဲ့ကာမှ တိုက်ခန်းထိလာတွေ့ရလား။တိုက်ခန်းထဲဝင်လာရင်းနောက်မှပြောသံကြောင့်Karish
ဒေါသထွက်၍

"ခင်ဗျားအဲ့လိုတောင်းပန်လိုက်ရုံနဲ့ပြီးသွားရောလား"

"အဲ့တာကြောင့် ကိုယ်မင်းကိုတာဝန်ယူမလို့"

"ဘာ!ခင်ဗျားဘာစကားပြောလိုက်တယ် တာဝန်ယူမယ်ဟုတ်လား
ခင်ဗျားကဘာမို့လို့ကျုပ်ကိုအဲ့သလိုစကားမျိုးလာပြောနေရတာလဲ"

"မင်းလဲကိုယ့်ကိုသဘောကျနေတာမဟုတ်ဘူးလား"

ဘာ!

ဧကရာဇ်စကားကြောင့်ဒုတိယအကြိမ်ထပ်မံအံ့သြမိပြန်ပြီ။ဒီလူဘယ်လိုဖြစ်လို့ဒီလိုစကားတွေထွက်လာနေရတာလဲ။

"ဟုတ်တယ်လေ မင်းကိုယ့်ကို ဖိနပ်ပေးစီးတာတွေ၊ဆေးလိပ်မသောက်ဖို့တားမြစ်တာတွေက ကိုယ့်ကိုသဘောကျခဲ့လို့မဟုတ်ဘူးလား"

Karishပြောစရာစကားများပျောက်ဆုံးလျက်ရှေ့ကလူကိုကြည့်မိနေဆဲ။

"အဟက်!ခင်ဗျားအထင်လွဲနေပြီထင်တယ်နော် ဧကရာဇ်၊ခင်ဗျားက ကိုယ့်ကိုယ်ကိုဘယ်လိုထင်နေတာလဲ။ကျုပ်ကနဲနဲလောက် သဘောကောင်းပြလိုက်တာနဲ့ခင်ဗျားကိုသဘောကျနေတယ်လို့ထင်တယ်ပေါ့...ဟား...ဟား...ခင်ဗျားက တကယ့်ဘဝင်ရူးပဲ"

Karishစကားကြောင့်ဧကရာဇ် အံ့သြလျက် ဒါဆိုတစ်လျှောက်လုံးသူ့ဘက်ကပဲအထင်လွဲခဲ့တာလား။မဖြစ်နိုင်တာ ဘယ်သူကရောကိုယ်နဲ့မတည့်တဲ့သူကိုဒီလောက်သဘောကောင်းနိုင်မှာလဲ။ဧကရာဇ်မချင့်မရဲဖြစ်လာပြီးရှေ့တစ်လှမ်းတိုးလာတော့Karishနောက်တစ်လှမ်းထပ်ဆုတ်လိုက်ပြီး

Karishna &The Psychic Killer [ Completed ]Where stories live. Discover now