part 1

5.8K 286 16
                                    

နာကျင်မူအများပြားနဲ့အတူ ရူရွယ် နိုးထလာခဲ့သည်။ နိုးထလာခဲ့သည်ဆိုသော်လည်း သူ့မျက်လုံးတွေကဖွင့်နိုင်သေးသည်မဟုတ်။ အလွန်ဆုံးမှ သူ့မျက်ခုံးတွေကိုကျုံ့နိုင်ရုံလေးပင်။ သူ့ရဲ့ခန္ဓာယ်ကိုအစိတ်အပိုင်းတွေကလည်း တန်အများကြီးလေးနဲ့ကျောက်တုံးနဲ့အဖိခံထားရတဲ့အတိုင်း နာကျင်နေတာမှနည်းနည်းမှကို မလူပ်နိုင်ပေ။

ခန္ဓာကိုယ်ပဲနာကျင်နေသည်လားဆိုတော့ မဟုတ်သေး ရူရွယ်ရဲ့ခေါင်းတစ်ခုလုံးကလည်း ထုံကျင်ကိုက်ခဲနာနေပြီးတော့ တစ်ခြားစကားလုံးနဲ့တောင်ဖော်ပြလို့မရတဲ့ ဝေဒနါ​ေပါင်းများစွာက ကြီးစိုးလို့နေပြန်သည်။
ဒီဝေဒနါတွေကနာကျင်လွန်းလို့ သေတော့မည်သကဲ့သို့၊ သို့မဟုတ်လည်း သေရာကလက်မတင်လေး လွတ်လာသကဲ့သို့။

ဟမ်!!

သေဆိုသည့်စကားလုံးကိုတွေးမိမှ သူတကယ်သေသွားတာမလား။မဟုတ်ရင် ဘာလို့ဒီလောက်နာနေမှာလည်း။ ကြည့်ရတာ သူ့အရိုးတွေကပါအက်နေတာထင်တယ်။ မဟုတ်ဘူး သူ့အရိုးတွေက ကျိုးပါကျိုးနေတာလားပဲ။

ရူရွယ် သူ့ခန္ဓာကိုယ်ကိုအမြန်စစ်ဆေးဖို့ အလျှင်စလိုမျက်လုံးဖွင့်လိုက်ပေမယ့် ဖျက်ခနဲသာဖွင့်နိုင်ပြီး သူ့မျက်လုံးတွေကအလင်းဒဏ်ကြောင့်ပြန်မှိတ်သွားခဲ့သည်။ အဲဒီနောက်မှာတော့ သူရဲ့ခေါင်းထဲမှာ မှတ်ညာဏ်လို့ထင်ရတဲ့ ပုံရိပ်တွေတစ်ခုပြီးတစ်ခုစတင်ပေါ်ပေါက်လာခဲ့တော့၏။

ရူရွယ်ရဲ့ အရင်ဘဝကသူတောင်းစားတစ်ဦးဖြစ်သည်။ သူနေထိုင်တဲ့ကမ္ဘာက လူသားတွေနဲ့ သားရဲမိစ္ဆာတွေနဲ့အတူတကွ နေထိုင်ကျတဲ့ကမ္ဘာမျိုးဖြစ်ပြီး တချို့လူသားတွေနဲ့ သားရဲတွေက သိပ်တည့်ကျတယ်ရယ်လည်းမဟုတ်လှဘူး။ တစ်ခြားမျိုးစိတ်ကွဲတွေကလည်းအများကြီးရှိပြီး ဒီလို အမျိုးစုံနေတဲ့ကမ္ဘာကြီးမှာ အဆင့်တန်းခွဲခြားမူတွေကလည်း အမျိုးစုံလှမှာကိုတော့ ပြောနေစရာပင်လိုအပ်မည်မထင်ပေ။ အဲဒီထဲကမှ ရူရွယ်ဟာ အားနည်းတဲ့လူသားမျိုးနွယ်စုက သာမာန်လူသားတစ်ဦးဖြစ်ပြီး လူသားမျိုးနွယ်ရဲ့အဆင့်တန်းပေါင်းစုံထဲကမှ အနိမ့်ဆုံး၊အောက်အခြေဆုံးက သူတောင်းစားလေးတစ်ဦးသာဖြစ်ခဲ့သည်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now