part 27

493 88 2
                                    


ဟူကျင့်မှာ သူ၏အရိုင်းစိုင်းအသားတုံးလေးအား လွတ်ပေးလိုက်ရတော့၏။ ဘယ်သူမဆိုပါလေ အရမ်းတွေထကြွပြီးမှ ကိုယ့်အထက်လူကြီးနဲ့တွေ့ရပြီး တစ်ချက်လောက်ပါအရိုက်ခံလိုက်ရရင် ထကြွနေတဲ့စိတ်လေးကထွက်ပြေးသွားမှာပဲ မဟုတ်ဘူးလား။
ပြီးတော့ အဲဒီခွေးကောင်လေးကလည်း အသံတွေပြာတဲ့ထိအော်ဟစ်ကျိန်ဆဲနေတာလေ။ သူ့အဆဲလုံးတွေနဲ့သာ လူသတ်လို့ရကြေးဆို ဟူကျင့်တစ်ယောက် ငြိမ်းချမ်းစွာအိပ်ပျော်နေမှာ ကြာလောက်ပေါ့။

ရှုရွယ်ကတော့ ထိုမြေခွေးအိုကြီးပြန်လာပြီး သူ့ကိုပြန်ခေါ်သွားခိုင်းတော့မှ စိတ်လုံးလုံးချနိုင်သွားတော့သည်။ သူရှိုးယွမ်ရှိရာ တဲဆီပြန်ရောက်တော့ ရှိုးယွမ်ကသူ့လက်ကောက်ဝတ်သူအားနိပ်နှယ်နေပြီး မှိုင်တွေနေ။ ထိုတော့မှရှုရွယ်သတိရသွားမိသည်။ အဲဒီသားရဲနတ်ဆိုး သူ့ကိုလာဆွဲခေါ်တုန်းက ရှိုးယွမ်ကဝင်တားလို့တွန်းလွှတ်ခံလိုက်ရတာ အရှိန်ကဖြေးဖြေးမှမဟုတ်ပဲ။ ကြည့်ရတာ သူ့ကြောင့်ဒဏ်ရာရသွားပြီနဲ့တူတယ်။

ရှိုးယွမ် ရှုရွယ်ပြန်ရောက်တာလှမ်းမြင်တဲ့အခါ မျက်နှာပေါ်က စိုးရိမ်သည့်အမှုရာတွေကမဖုံးနိုင်မဖိနိုင်နှင့်ပင်...

"မင်း...မင်း.. အဆင်ပြေရဲ့လား"

ဒဏ်ရာရနေသည့်သားရဲတွေကပါ ရှုရွယ်အားပြုံးစိစိနှင့်ဝိုင်းကြည့်လာသည်ဖြစ်လို့ ရှုရွယ်မျက်နှာက မဲမှောင်နေပြီး...

"ပြေတယ် "

ရှုရွယ်ရဲ့ဆောင့်ဆောင့်အောင့်အောင့်အဖြေက ရှိုးယွမ်အားစိတ်မအေးစေပေ။ သူက ရှုရွယ်အားခြေဆုံးခေါင်းဆုံးကြည့်နေပြီး လွန်စွာမှသနားနေသည့်ပုံနှင့် အနားရောက်လာကာ လေသံတိုးတိုးဖြင့်ပြောလာတော့သည်။

"မင်း..အဆင်မပြေရင် ဟန်ဆောင်စရာမလိုပါဘူး ငါမင်းကိုဆေးပေးလို့ရပါတယ်"

ထိုစကားကြောင့် ရှုရွယ်ရဲ့မသေသေးတဲ့ဒေါသမီးတွေကလျှင်မြန်စွာပင် ပြန်တောက်လာပြီး ရှိုးယွမ်အားအော်လိုက်မိတော့၏။

"ခင်ဗျား! ခင်ဗျားမျက်လုံးကန်းနေလား သေချာကြည့်ဦး ကျွန်တော်ကအလုပ်ခံလာရတဲ့ပုံပေါက်နေလို့လား ဟမ်!!"

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now