part 10

894 146 5
                                    


ခေါ်သွားရမယ်ဆိုတဲ့စကားစုနဲ့တင် ရိူးချောင်မျက်နှာကြီးကမဲပျက်ဖို့လုံလောက်နေပြီ။
သူကအစတုန်းကတော့ ဆေးပင်တွေနေရာပြောပြမယ်ဆိုတာကုန်း ကျိတ်ပျော်သွားပေမယ့် နောက်ထပ်ဖြည့်လိုက်တဲ့စကားလည်းကြားရော ဘယ်လိုမှလက်မခံနိုင်တော့ပဲ...

"ဟား! မင်းမှာလေ ကျေးဇူးတရားကိုဆပ်ရမယ်ဆိုတဲ့အသိလေးများမရှိဘူးလားဟင် ဘာကိုအပေးယူလဲ ဘာကအပေးယူလဲ အား..တကယ်ပဲ မင်းလိုလူမျိုးကိုဘယ်လိုစကားမျိုးနဲ့နာအောင်ပြောရမလဲမသိတော့ဘူး အား..စိတ်တိုလိုက်တာ"

ရိူးယွမ်ကတော့ သေချာပေါက်သူ့ညီလိုမတွေးပါဘူး။ သူက ရူရွယ်စကားကိုစိတ်ဝင်စားသွားပြီး သူ့ညီကိုတည်သီးတချို့နဲ့နှစ်သိမ့်လိုက်ပြီးနောက် ရူရွယ်နဲ့စကားပြောဖို့အနားတိုးသွားတော့သည်။

ဘာလို့လည်းဆိုတော့ ဝါးအိမ်ငယ်လေးထဲက အဝတ်တချို့နဲ့အသုံးဆောင်အနည်းငယ်ကိုကြည့်ခြင်းအားဖြင့် ရူရွယ်ကိုကြည့်ရတာ တကယ်ပဲဒီမှာနေတာမဟုတ်ရင်တောင် ဒီကိုမကြာခဏလာနေလောက်တာပဲဖြစ်ရမည်။ ဒါဆို သူကဒီတောနဲ့ရင်းနှီးနေမှာကျိန်းသေပေါက်ပဲလေ။ ရိူးယွမ်တို့ညီအကိုကလည်း ညွှန်းလိုက်တဲ့သူရဲ့အပြောကောင်းကောင်းကိုနားထောင်ပြီး ဒီတောထဲဝင်လာတာဆိုပေမယ့် သူတို့ကခုမှဆေးပင်အနည်းငယ်ကိုပဲတွေ့ရသေးတာဆိုတော့ အချိန်ကုန်လူပင်ပန်းခံပြီးမှ လက်ဗလာနဲ့ပဲပြန်မသွားချင်တာဖြစ်သင့်သည်လေ။

တကယ်တော့ ဒီတောကဆေးပင်တွေရှားနေတာတော့မဟုတ်ပါဘူး။ တော်တော်များများက အပြင်မှာလဲပေါပေါသီသီဝယ်လို့ရနေတဲ့ အမျိုးစားတွေဖြစ်နေလို့သာ ရိူးညီအကိုကအလုပ်ရူပ်ခံပြီးမယူကျတော့တာ။ သူတို့လိုချင်တာ အပြင်မှာဝယ်လို့မရတဲ့ ရှားပါးတဲ့ဆေးပင်တွေလေ။

ရိူးယွမ်:"မင်းပြောတာ ဘယ်လိုဆေးပင်တွေလဲ"

ရူရွယ်:"ဘာဆေးပင်တွေလည်းမသိဘူး ဒါပေမယ့်အတာတွေက အရမ်းအသုံးပြီးရှားပါးတာတော့သေချာတယ် ဒါပေမယ့် အဲနေရာက ကျွန်တော့်လမ်းညွှန်မူမပါပဲ သွားဖို့အန္တာရယ်များတယ် တကယ့်ခင်ဗျားတို့သာ ကျွန်တော့်ကိုခေါ်သွားမယ်လို့ကတိပေးရင် ကျွန်တော်ပြောပြမယ်လေ"

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now