part 33

450 83 8
                                    

ရက်အနည်းငယ်အကြာ မြောက်ပိုင်း၏နယ်နိမိတ်ထဲတွင် လူနှစ်ယောက်မှာ အလျှင်လိုခြင်းမရှိပဲခရီးသွားနေကျ၏။ တစ်ဦးမှာ ရံဖန်ရံခါ လာခေါ်သူများရှိလျှင် ဆေးကုသလိုက်သွားတတ်ပြီး ကျန်တစ်ဦးမှာလည်း လူရူပ်သောနေရာများတွင် ပုံတူပန်းချီအားပြကာ လူတစ်ယောက်အားရှာဖွေ၍နေသည်။

ရှိုးယွမ်သည်မြောက်ပိုင်းသို့ရောက်ဖူးခဲ့သေည်လည်း ဤသို့လှည့်လည်ရန်အခွင့်မသာခဲ့ပါချေ။ မြောက်ပိုင်းဒေသသည် ကျန်သည့်ဒေသများထက် တောတောင်ရေမြေပိုပေါကာ အေးချမ်းလှပသောဒေသတစ်ခုဖြစ်သည်။ သူတို့မြောက်ပိုင်းနယ်နိမိတ်ထဲတွင် ရက်အတော်ကြာပြီးမှပင် ဖူရွေ့တောအနီးနားကမြို့လေးသို့ရောက်လာတော့သည်။

သူတို့နှစ်ဦး မြို့ငယ်လေးထဲက သာမာန်ကျလှသောတည်းခိုခန်းသို့ရောက်ချိန်တွင် ညနေစောင်းနေပြီဖြစ်ရာ မနက်ဖြန်မှပဲ ဖူရွေ့တောသို့သွားရန်ဆုံးဖြတ်လိုက်ကျတော့သည်။ ယခုတစ်ခေါက်တွင်တော့ တည်းခိုခန်းငယ်လေးက ငွေသိပ်မပေးရကာ အခန်းလွတ်များလည်းရှိတာကြောင့် သူတို့တစ်ယောက်တစ်ခန်းယူလိုက်ကျပြီး ညစာစားပြီးနောက် စောစောအနားယူကျတော့၏။

ညအစောပိုင်းထဲကပင် ရှုရွယ်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့ပြီဖြစ်သည်။ သို့သော် ညလယ်ယံမှာတော့ သူ့မျက်နှာအားတစ်စုံတစ်ခုကပွတ်သပ်နေသည်ကိုခံစားလိုက်ရတော့သည်။ အစက အိပ်မောကျနေသည့်အရှိန်နှင့် ထင်ယောင်ထင်မှားဖြစ်တာထင်ကာ ထိုအရာအားဖယ်ထုတ်လိုက်သော်လည်း သိပ်မကြာခင်မှာပင်ပြန်လည်ပွတ်သပ်လာသောကြောင့် မျက်လုံးဖွင့်ကြည့်ရတော့သည်။

မြင်လိုက်ရသောမြင်ကွင်းသည် အိပ်မက်သာဖြစ်နေလျှင်သိပ်ကောင်းမည်။ ရှန်ကျင်းလုံ၏ ရွေရောင်မျက်စံများက သူ့အားစူးစူးစိုက်ကြည့်နေ၏။ ရှုရွယ်မျက်နှာအားပွတ်သပ်နေသည့်အရာမှာ ထိုလူ၏လက်များသာပင်။

ရှုရွယ်၏ အိပ်ချင်မှူးတူးစိတ်လေးမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရပြီး ချက်ခြင်းကိုထထိုင်လိုက်မိသည်။ သူ၏ ရုတ်တရက်ဆန်သောအပြုမှုကြောင့် သူ့ကိုအုပ်မိုးကြည့်နေတဲ့ ရှန်ကျင်းလုံ၏မျက်နှာနှင့်တောင် တိုက်မိမလိုဖြစ်သွားရ၏။ သို့သော်ထိုလူက လက်မတင်လေးမှာတင်ရှောင်နိုင်လိုက်သည်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now