part 11

781 143 3
                                    

ရိူးညီအကိုတွေရဲ့နေရပ်မြို့ဖြစ်တဲ့ အလယ်ပိုင်းက လုံဟော်ကိုရောက်တဲ့အခါ ရိူးညီအကိုကပြန်ပြီးတတ်တတ်ကြွကြွဖြစ်လာကျသည်။

ရူရွယ်အနေနဲ့ကတော့ သူကအစထဲကဘာမှလုပ်ရတဲ့သူလည်းမဟုတ်။ တောထဲကထွက်လာတဲ့လမ်းမှာလည်းသူက သူများကျောပေါ်လိုက်စီးလာပြီး နောက်လည်း လှည်းပေါ်ပဲထိုင်လိုက်ရတာဖြစ်လို့ အနည်းငယ်ခရီးပန်းရုံကလွဲပြီးဘာမှမဖြစ်ပေ။ သူက လမ်းတစ်လျောက်လုံး ရှေ့ဆက်ဘာလုပ်ရေးအတွက်သာစဥ်းစားနေခဲ့တာဖြစ်သည်။

အစကတော့ရိူးအိမ်တော်က မြို့လည်ခေါင်ကလူချမ်းသာတွေနေတဲ့နေရာမှာရှိလောက်တယ်ဆိုပြီး ရူရွယ်တွေးထားတာပေမယ့်လည်း တကယ်တမ်းမှာတော့ မြို့နဲ့အနည်းငယ်လေးလှမ်းတဲ့နေရာမှာတည်ရှိနေတာဖြစ်သည်။

ငှားလာတဲ့မြင်းလှည်းက အိမ်ရှေ့မှာရပ်သွားပြီး ရိူးယွမ်ကရူရွယ်ကိုဆင်းရန်ကူတွဲပေးသည်။ အိမ်တော်ထဲဝင်လာသည်နှင့် ရူရွယ်အံသြသင့်သွားရတော့သည်။ သူကောင်းကောင်းမအံသြနိုင်ခင်မှာတင် ဟိုဒီကူးလူးနေတဲ့လူတွေက သူတို့ကိုမြင်သွားပြီး အနားပြုံလာကျတော့၏။
သူတို့က ကျိန်းသေပေါက် ရိူးယွမ်နဲ့ရိူးချောင်ကိုလာကြိုကျခြင်းပင်။

"သခင်လေးယွမ် သခင်လေးချောင်
သခင်လေးတို့နောက်ဆုံးတော့ပြန်လာကျပြီပဲ"

"သခင်လေးတို့ပြန်လာကျပြီလား
ကောင်းတယ်ကောင်းတယ် ဒါမှ သခင်ကြီးကိုနေ့တိုင်းသွေးကျဆေးမပေးရတော့မှာ"

"အိုက်ယား သခင်လေးတို့ ဒီလောက်ရက်တွေအကြာကြီး ဘာတွေများလုပ်နေကျတာလဲ သခင်ကြီးနဲ့သခင်မကြီးက လူပျောက်ကြေငြာစာရွက်တွေကပ်ပြီးတောင် ရှာကျတော့မလို့ တိုင်ပင်နေကျတာဗျာ"

"သခင်လေးတို့ ဒီလောက်အကြာကြီးဘာလုပ်နေကျတာလဲ ကျွန်တော်တို့အဖွဲ့ပြန်ရောက်တာတောင် ကြာနေပြီ "

"သခင်လေးယွမ်ရယ် သခင်လေးကတော့တကယ့်လူပါပဲဗျာ အဖွဲ့ကိုဘာမှမပြောပဲ "မင်းတို့အရင်ပြန်နှင့်"ဆိုတဲ့စာလေးပဲချန်ပြီး ခွဲထွက်သွားရက်တယ် သခင်ကြီးကကျုပ်ကိုအကြာကြီးဆူပါလေရော"

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now