part 39

436 70 6
                                    

ရှုရွယ်မှာ စာလက်ထဲရောက်သည်နှင့် လုပ်လက်စအလုပ်များကို မြန်မြန်အဆုံးသတ်လိုက်ပြီး ကိုယ့်အခန်းကိုပြန်ပြေးလာခဲ့တော့၏။ အခန်းထဲပြန်ရောက်ခိုက်တွင် အချိန်ဆွဲမနေတော့ပဲ စာကိုဖွင့်ဖတ်လိုက်သည်။ ရေးထားသည်မှာကား...

"ရှုရွယ် မင်းပြောတဲ့ မုရုန်ချိုး ကိုရှာရတာအရမ်းပင်ပန်းတာပဲသိလား...အပေးယူကမမျှတဘူးလို့တောင် တွေးမိလာပြီ ငါဒီကြားထဲမှာလုံးဝကိုအလုပ်များသွားရတယ် ဒါပေမယ့် မင်းရဲ့ အပင်မိစ္ဆာပုံရိပ်လေးကိုမြင်ရဖို့တွေးကြည့်တော့လည်း တန်သလိုလိုပါပဲလေ"

ရှုရွယ်မှာ ထိုမျှထိဖတ်ပြီးသော် မျက်လုံးလိမ့်လိုက်မိသည်။ ဒီမကောင်းတဲ့ရှန်ကျင်းလုံဆိုတဲ့ကောင်က စာထဲမှာတောင် ရိသဲ့သဲ့နိုင်နေတုန်းပဲ။

"အဲဒီမုရုန်ချိုးဆိုတဲ့မိန်းမနဲ့ သူ့ရဲ့ဂိုဏ်းက မင်းရဲ့စွမ်းအင်အမြုတေယူသွားပြီးတဲ့ အချိန်ကစပြီး ပျောက်ခြင်းမလှပျောက်သွားခဲ့တာ ဘာမှအစရှာလို့မရတော့ဘူး အဲတာကြောင့် ငါဖြစ်နိုင်ခြေတွေကိုပဲ လိုက်ရှာကြည့်လိုက်တော့ တစ်ခုကိုသွားတွေ့တယ် ကြည့်ရတာ မုရုန်ချိုးက သူ့ဘဝကိုမင်းရဲ့စွမ်းအားတွေသုံးပြီး အကုန်ပြောင်းလဲပြစ်လိုက်ပြီနဲ့တူတယ် မင်းရဲ့စွမ်းအင်အမြုတေကို သူယူသွားတဲ့အချိန်နဲ့သိပ်မကွာတဲ့အချိန်လောက်က အရှေ့ပိုင်း ကန္တာရထဲမှာ နေရာတစ်ခုပေါ်လာခဲ့တယ် လန်ဟွားနန်းတော်တဲ့"

ရှုရွယ်မှာ ထိုအထိဖတ်ပြီး မျက်မှောင်ကျုံ့မိလိုက်ပါ၏။ လန်ဟွားနန်းတော်...လန်ဟွားနန်းတော်လား ဘာဖြစ်လို့ သူကြားဖူးနားဝရှိနေသလိုခံစားရတာလဲ။

"လန်ဟွားနန်းတော်က ဆေးပင်၊ဆေးမြစ်တွေကို အဓိကရောင်းဝယ်ကုန်ကူးတာ နှစ်နှစ်အတွင်းမှာပဲ မယုံနိုင်လောက်အောင်ကြီးထွားလာပြီး ဆေးကုန်သည်လောကရဲ့ အချက်ချာဖြစ်လာခဲ့တယ် ရှုရွယ် ဒါက မသင်္ကာစရာကောင်းတယ်လို့မတွေးမိဘူးလား သူတို့ဆီမှာ ရှားပါးတဲ့ဆေးမြစ်တွေကို အများပြားရနိုင်တယ် ငါစုံစမ်းကြည့်တော့ သူတို့ဆေးပင်တွေကို ဘယ်ကဝယ်ယူတာလဲဆိုတာ လုံးဝမသိရဘူး သူတို့ဆီကထွက်သွားတာပဲရှိတယ် ဝင်လာတာမရှိဘူး သူတို့ကများပြားတဲ့ပမာဏကိုအမြဲတမ်းရောင်းနေတာလေ ဒါပေမယ့် သူတို့ဆီကို ဘယ်ကဝင်လာလဲဆိုတာမသိရဘူး အထွက်ရှိပေမယ့်..အဝင်မရှိဘူး ဒါကမဖြစ်နိုင်ဘူး သူတို့ဘာသာဆေးပင်တွေစိုက်ပြီးရောင်းမယ်ဆိုရင်လည်း သူတို့နေရာက ကန္တာရထဲမှာ ​အဲလိုဆိုရင်တောင် သာမာန်ဖြစ်စဥ်နဲ့တော့ ဒီလောက်ကြီးတဲ့ကုန်သွယ်မှုကိုလုပ်လို့မရနိုင်ဘူး ဒါပေမယ့်..."

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now