part 41

534 82 8
                                    

ရှိုးယွမ်မှာ ရှုရွယ်စကားကြောင့်လန့်သွားရ၏။ သူက လန်းစန်းတုံကို ဇနီးမယားအဖြစ်သဘောမကျဘူးဆိုရင်တောင် မိတ်ဆွေတစ်ဦးအဖြစ်နဲ့တော့ လေးစားနေစဲဖြစ်ပြီး လန်းစန်းတုံက မုရုန်ချိုးမဖြစ်နိုင်ဟုလည်း ယုံကြည်ချင်နေတာဖြစ်သည်။ ထို့ကြာင့် ရှုရွယ်ကိုဖျောင်းဖျဖို့ ကြိုးစားလိုက်၏။

"မင်းစိတ်ကိုအေးအေးထားပါဦး ဒါကရုပ်ချင်းဆင်တူရုံပဲရှိသေးတာမလား အရင်ဆုံးအတည်ပြုဖို့စဥ်းစားရင်ရော"

ရှိုးယွမ်ကပြောရင်း ရေတစ်ခွက်ငှဲ့ပေးပြီး ကမ်းပေးလိုက်၏။ သို့သော် ရှုရွယ်ကတော့ မယူပါချေ။ သူက ရှိုးယွမ်ကိုပဲစိမ်းစိမ်းဝါးဝါးကြည့်ပြီးပြောလာခဲ့သည်။

"ဘယ်လိုလုပ်ပြီးစိတ်အေးအေးထားနိုင်မှာလဲ! သူက ကျွန်တော့်စွမ်းအင်အမြုတေယူပြီး ဘယ်လိုတောင်ကောင်းစားနေလဲ ကျွန်တော်ဘယ်လိုဖြစ်ခဲ့လဲ ခင်ဗျားမြင်ခဲ့တယ်မလား!!(ချောက်ထဲကတွေ့တုန်းကဒဏ်ရာတွေကိုရည်ညွန်းသည်) လုံးဝခွင့်မလွှတ်နိုင်ဘူး!"

ပြောပြီးသည်နှင့် ရှုရွယ်ကထွက်သွားတော့သည်။ ရှိုးယွမ်မှာလည်း ဘာလုပ်ရမှန်းမသိတော့ပဲ သက်ပြင်းချလိုက်မိ၏။ သူ့ရဲ့နဖူးက လတ်လတ်ဆတ်ဆတ်ဒဏ်ရာလေးကတောင် ပိုနာလာသလိုပါပင်။

ရှိူးယွမ်ကအမြဲတမ်းအတွေးများတတ်တဲ့သူမဟုတ်ဘူးဆိုရင်တောင်မှ အဲလိုမျိုးလျောက်မတွေးတတ်တဲ့သူ့လိုလူမျိုးတောင်မှပဲ ဒီကိစ္စကိုစိတ်မပူပဲမနေနိုင်။ လန်စန်းတုံက မုရုန်ချိုးမဖြစ်နိုင်ဟုရှိုးယွမ်ကတော့ထင်သည်။ သူထင်သလို ဖြစ်နေလျှင် သိပ်ပြဿနာမရှိ။ အကယ်၍များ လန်စန်းတုံကတကယ် မုရုန်ချိုးဖြစ်နေပါလျှင် ဘာဆက်ဖြစ်မလဲ သူတွေးတောင်မတွေးနိုင်တော့ပါချေ။

ရှုရွယ်ကတော့ ရှိုးယွမ်ဆီကရုပ်ချင်းဆင်တူသည်ဟူသည့်အတည်ပြုချက်ရပြီးသည်နှင့် ရှိုးအိမ်တော်ကထွက်ခွာဖို့ပြင်တော့သည်။ သူက လောင်ချန်ကိုရှာပြီးအကျိုးကြောင်းပြောပြလိုက်၏။ အကျိုးကြောင်းဆိုသည်မှာ သူလိုက်ရှာနေသည့်လူရဲ့သဲလွန်စတွေ့၍ဟူ၍သာပြောနိုင်သည်။ သူရှိုးယွမ်ကိုပြောသလိုတော့ အကုန်လုံးကိုမပြောနိုင်သေးပါချေ။ ဘာကြောင့်ဆို ရှိုးအိမ်တော်က လန်ဟွားနှင့်ကောင်းမွန်သည့်ဆက်ဆံရေးရှိပြီး လန်ဟွားနန်းတော်အားလည်း လေးလေးစားစားရှိကျသောကြောင့်ဖြစ်သည်။ သူ၏ အခြေမြစ်မရှိသည့်စွပ်စွဲချက်ကို ပြောပြ၍မရနိုင်သေးပေ။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now