part 43

480 65 3
                                    

ရှိုးအိမ်တော်တွက်အစင်လာတစ်ခုရှိသည်။ အိမ်တော်အတွင်း ကြီးကြီးမားမားဖြစ်တော့မည်ဆိုလျှင် မိသားစုဆွေးနွေးပွဲလုပ်လေ့ရှိ၏။ မိသားစုအတွင်းရေးမဟုတ်ပဲ အိမ်တော်အကြောင်းပါလျှင်တော့ အကြီးကဲတွေပါပါတတ်ပေမယ့် ဒီတစ်ခါတော့ မိသားစုအရေးဖြစ်လို့ ရှိုးမိသားစုတွေသာ ဆွေးနွေးကျမည်ဖြစ်သည်။

ဆွေးနွေးပွဲလုပ်လေ့ရှိသော စားပွဲဝိုင်းတွင် ရှိုးမိသားစုအကုန်ရှိနေပြီး ထိပ်ဆုံးမှာတော့ ရှိုးလျှန်းရန်ထိုင်နေလေသည်။ ရှိုးလျှန်းရန်မှာ ယခုကိစ္စနှင့်ပတ်သတ်၍ သူ့အကိုတွေကသဘောမကျတာကိုသိသော်လည်း သူကပျော်နေတာဖြစ်၍ စကားဝိုင်းကိုပျော်ရွှင်စွာပင်အစဖော်ပေးလိုက်တော့သည်။

"အားယွမ် ဆုံးဖြတ်တာကောင်းတယ် စောစောကသာလိမ္မာရင် ဒီအဖေကဒေါသထွက်စရာလိုမှာမဟုတ်ဘူး"

ရှိုးလျှန်းရန်က ဒီစကားကို ငါးခါထက်မနည်းပြောခဲ့ပြီးဖြစ်ပေမယ့် ပြောလို့မဝနိုင်သေးပါချေ။ သူက သူ့သားလေးကိုဒဏ်ရာရအောင်လုပ်မိတာကို စိတ်မကောင်းဖြစ်နေခဲ့တာဖြစ်၏။ သို့သော် သူဖြစ်စေချင်သလိုဖြစ်လာတော့ ​ပျော်ပြန်သည်။ သူက မျက်နှာများမကောင်းသည့် အကိုတွေရှေ့တောင်မှ ထိုစကားတွေပြောထွက်သွားခဲ့သည်။

ရှိုးယွမ်ကတော့ သူ့နဖူးကဒဏ်ရာသူစမ်းလိုက်မိပြီး သက်ပြင်းချလိုက်မိ၏။ ရှိုးအိမ်တော်ကဆေးတွေကကောင်းပါတယ်လေ။ ဒီလိုဒဏ်ရာကတော့ရက်အနည်းငယ်တွင်းပျောက်သွားမှာပါ။

အလွန်စိတ်ထိန်းထားရသော အကိုကြီးရှိုးလျှန်းလန်မှာ ဆက်မထိန်းနိုင်တော့ပဲ ပြောလာတော့၏။

"လျှန်းရန် အားယွမ်ကိုမင်းကတကယ် လန်ဟွားနဲ့လက်တွဲစေချင်နေတာလား"

ရှိုးလျှန်းရန်က ဒီနေ့တော့ ရှောင်လွဲလို့မရအောင် အခြေချစကားပြောရတော့မှာ သိနေတာကြောင့် ရှောင်မနေတော့ပါချေ။

"အကိုကြီး ကျွန်တော်တကယ်လက်တွဲစေချင်တာပါ ဒါက အားယွမ်အတွက်ကောင်းတာပဲမလား"

ရှိုးလျှန်းရန်ထိုသို့ပြောလိုက်တော့ ရှိုးလျှန်းလန်က သိသိသာသာဒေါသထွက်သွားကာဖြင့်...

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now