part 35

472 83 3
                                    


ရှုရွယ် ရှိုးယွမ်အား ဝါးငယ်လေးဆီသို့ အမြန်ပြန်ခေါ်လာခဲ့၏။ ပြီးနောက်တွင် ရေအနည်းငယ်တိုက်လိုက်ပြီး ရှိုးယွမ်၏ဆေးသေတ္တာအားစတင်မွှေနောက်တော့သည်။
သူ ဆေးတွေအကြောင်းဘာမှမသိသော်လည်း အနည်းငယ်တော့ နားလည်နိုင်မည်လို့မျှော်လင့်မိ၏။ နောက်ဆုံးတော့ ဆေးပုလင်းတစ်ခုရွေးလိုက်ပြီး အလုပ်ဖြစ်ပါစေဟူ၍သာ ကြိတ်ဆုတောင်းလိုက်ပြီး ရှိုးယွမ်ပါးစပ်ထဲထည့်ပေးလိုက်တော့သည်။ ထို့နောက် ရေထပ်လောင်းချလိုက်၏။
ရှုရွယ်၏ အပြုမူများမှာမသေသပ်လှသည်ဖြစ်ရာ ရှိုးယွမ်၏အပေါ်ပိုင်းတစ်ခုလုံး ရေများမှောက်ကျထားသလိုစိုရွဲကုန်တော့သည်။ ဆံပင်များထဲတောင် ဝင်ကုန်၏။

ရှုရွယ်မှာ ကိုယ့်ခေါင်းကိုယ်သာကုတ်နေလိုက်မိတော့သည်။ သူကြည့်ရသလောက်တော့ ရှိုးယွမ်လူမမာများကိုဆေးကုရင်လည်း ဒီလိုပဲလုပ်တာမဟုတ်ဘူးလား။ သူတို့လုပ်တာသိပ်မကွာပဲ ဘာလို့ရလာဒ်ကတအားကွာနေရတာလဲ။

မတတ်နိုင်။ သူ ရှိုးယွမ်၏ အဝတ်စားများအားလဲလှယ်ပေးရန်သာတတ်နိုင်တော့သည်။ ယခုလိုဆောင်းဦးဝင်ခါစအချိန်တွင် တောအုပ်ထဲ၌ အအေးပတ်လွယ်သည်။ တော်ကြာ ရှိူးယွမ်က မြေသြဇာလုပ်ခံရလို့မသေပဲ သူ့လက်ချက်နှင့်အအေးပတ်လို့သေနေဦးမည်။

ရှုရွယ်၏ မလုပ်တတ်မကိုင်တတ်အမူရာများမှာ လုံးဝကိုအဆင်ချောခြင်းမရှိပေ။ ရှိုးယွမ်ကလည်း သတိမေ့နေသည်ဖြစ်ရာ ဖြစ်ချင်ရာကိုဖြစ်နေတော့သည်။ ရှိုးယွမ်ခဗျာ သူ့ခန္ဓာကိုယ်က စောင်းသွားလိုက်၊မှောက်သွားလိုက်၊ လှန်သွားလိုက်ဖြစ်နေတာကို မသိနိုင်ခဲ့ရှာပေ။

အောင်မြင်စွာ အဝတ်စားချွန်ခြင်းအမှုအပြီးတွင်တော့ ရှုရွယ်မောဟိုက်ကာသက်ပြင်းချလိုက်မိတော့သည်။

လူတစ်ယောက်ရဲ့အဝတ်စားကိုချွတ်ရတာက အဲလောက်တောင်ခက်ခဲရသလား။

နောက်တော့ အဝတ်တစ်ခုယူ၍ ရှိုးယွမ်၏​ရေစိုနေသော ​မျက်နှာနှင့် ဆံပင်များအား သုတ်ပေးလိုက်သည်။ အကယ်၍ ထိုအချိန်တွက်သာ ရှိုးယွမ်နိုးလာလျှင် သူအသတ်ဖြတ်ခံနေရသည်ဟု ထင်မှတ်သွားလောက်မည်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now