part 22

528 98 7
                                    


ဖမ်းခေါ်သွားခံရတဲ့လမ်းတစ်လျောက်လုံး ရှုရွယ်မှာသတိမေ့နေခဲ့တာမျိုးမဟုတ်သည့်အတွက် အတွေးပေါင်းစုံနေရသည်။ အဲဒီ ရှိုးယွမ်ရော အသက်ရှိသေးရဲ့လားဆိုသည့်က ထိုအတွေးများထဲကတစ်ခုပင်။

သူတို့တွေမြို့နဲ့အတော်လှမ်းလှမ်းရောက်နေလောက်ပြီဟုတွေးမိချိန်မှာတင် မြေပြင်ပေါ်သို့ပြစ်ချခံလိုက်ရတော့၏။ စည်းနှောင်ထားသည်များပါဖယ်ရှားခံလိုက်ရပြီးနောက်တွင်တော့ အနားတွင်အတူတူရှိနေသော ရှိူးယွမ်ကိုတွေ့လိုက်ရသည်။ နောက်တော့ သူတို့ကိုဝိုင်းထားသည့် ရာဂဏာန်းပင်ကျော်မည့် သားရဲနတ်ဆိုးအုပ်စုကြီး...

ဘုရားသခင်...

နှစ်ယောက်သားအတူတူရေရွတ်မိခြင်းဖြစ်နိုင်၏။ ခုချိန်သူတို့ရဲ့နောက်ဆုံးဆန္ဒလေးတွေများ ဆုတောင်းရင်မှီလောက်သေးပါရဲ့။

ညနက်နေသော်လည်း လရောင်တောက်တောက်ပပရှိနေတာကြောင့် နှစ်ဦးနှစ်ဖက်လုံးက ရှင်းလင်းစွာမြင်​နေရပြီး သားရဲနတ်ဆိုးများကပင်စကာ စကားပြောလာသည်။

"မင်းတို့ကနတ်ဆေးသမားတော်တွေလား"

အနှီနတ်ဆိုး၏အသံသည် မကောင်းဆိုးဝါးဆန်လှသည်ဖြစ်ရာ နိူင်းယှဥ်ပြဖို့ရာပင်စဥ်းစား၍မရတော့ချေ။ ဤကဲသို့ပင် နတ်ဆိုးသားရဲများက သူတို့ကိုယ်သူတို့ ကြောက်စရကောင်းသည့်အသွင်သဏ္ဍာန်များ ဖန်တီးရတာကိုနှစ်သက်ကျသည်။ ပုံမှန်သားရဲများသည် လူပုံပန်းသဏ္ဍာန်နှင့်သာနေလိုကျပြီး များသောအားဖြင့်သူတို့က လူသားများနှင့်အသွင်သဏ္ဍာန်များကိုတူညီချင်ကျသည်။ သို့သော်လည်း သားရဲများသားရဲများပါပေ။ အလွဲတကူခွဲခြားလို့ရနိုင်သည်။

သို့ဆိုဦးတော့ ဤနတ်ဆိုးသားရဲများနှင့် သာမာန်သားရဲများမှာ အရွယ်စားရောပုံပန်းသဏ္ဍာန်ကွာခြားကျသည်။ သူတို့ရဲ့ဗီဇနှင့်မျိုးနွယ်တွေကြောင့်ပါ သက်ဆိုင်မည်လားတော့မပြောတတ်ပါချေ။

ရှုရွယ်သည် သေချာပေါက်ထပ်သေရမှာကိုမကြောက်ပါချေ။ အဆုံးမှာတော့ သူကဘဝတစ်ခုတစ်လျောက်လုံး ဆင်းရဲဒုက္ခများနှင့်ရင်ဆိုင်ခဲ့ရကာ နောက်ဘဝတစ်ခုပြောင်းလာတော့လည်း သေလောက်သည့်ဒဏ်ရာဒဏ်ချက်များနှင့် နာကြင်မှုများကို ခံစားရဖူးပြီးပြီဖြစ်သည်။ သို့သော် သူ့တွင်မပြီးပြတ်သေးသည်များရှိသေးပြီး ဒီကြည့်ရဆိုးတဲ့ကောင်တွေလက်ထဲမှာလည်းမသေချင်ပေ။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now